တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေပြီး နိုင်ငံကူးလက်မှတ်-Passport သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားများဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးမှာ သက်တမ်းတိုးနိုင်ပြီလို့ သိရပါတယ်။NUG ကိုယ်စားလှယ်ရုံးမှာ နိုင်ငံကူးလက်မှတ် သက် တမ်းတိုးပြီးနောက် တောင်ကိုရီးယားအစိုးရ လူဝင်မှုကြီးကြပ်ရေးကလည်း လက်ခံဆောင်ရွက်ပေးကာ စစ်ကောင်စီသံရုံးမှာ သက်တမ်းတိုးစရာမလိုဘဲ သက်တမ်း ၂ နှစ်ရရှိမယ်လို့ သိရပါတယ်။”ဟုတ်ပါတယ် NUG ရုံးမှာ သက်တမ်းတိုးပေးနေပါတယ်။ တခြားထွက်လို့တော့မရသေးဘူး ကိုရီးယားအစိုးရက ဒီပြည်တွင်းထဲ နေလို့ရအောင် နားလည်မှုနဲ့ လုပ်ပေးတယ်လို့ ထင်ပါတယ်။ “လို့ တောင်ကိုရီးယားရောက် မြန်မာတစ်ဦးက VOR ကို ပြောပါတယ်။
စစ်ကောင်စီဟာ ပြည်ပရောက်မြန်မာတွေဆီက နည်းမျိုးစုံနဲ့ လုပ်ခလစာများကို မတရားအခွန်အခကောက်ခံလျက်ရှိရာ တောင်ကိုရီးယားရောက်မြန်မာများအနေနဲ့ စစ်ကောင်စီသံရုံးမှာ အခွန်ဆောင်စရာမလိုဘဲ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးနိုင်ပြီဖြစ်ပါတယ်။”ကောင်းပါတယ် ဝမ်းသာစရာတစ်ခုပါပဲ။ အဆင်ပြေသွားတာပေါ့။”လို့ တောင်ကိုရီးယားရောက် မြန်မာတစ်ဦးက ဆက်လက်ပြောပါတယ်။နိုင်ငံရေး၊ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ဘဏ္ဏာရေးမှာလဲ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လိုအပ်ချက်အမြင့်ဆုံးရောက်ရှိနေပြီး ပြည်ပရောက်မြန်မာတွေဆီက အခွန်တိုးမြှင့်ကောက်ခံလျက်ရှိပါတယ်။ပြည်ပရောက်မြန်မာတွေအနေဲ့ စစ်ကောင်စီထံ အခွန်မဆောင်ကြဖို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ပြည်ပရောက်မြန်မာတွေ နေထိုင်ဖို့အတွက် ဖိအားအခက်အခဲတွေ ရှိနေခဲ့ရာ တောင်ကိုရီးယာနိုင်ငံအနေနဲ့ ပထမဆုံး ပြည်သူ့အစိုးရထံ သက်တမ်းတိုးနိုင်လာတာဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ