Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

AA ရေပိုင်နက်ထဲဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကမ်းခြေစောင့်တပ်က ပြန်လည် လွှဲပြောင်း

ရခိုင်ပြည် အာရက္ခတပ်တော် AA က ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။ရခိုင်ပြည် AA ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို ငါးဖမ်းလှေတွေနဲ့အတူ AA ကမ်းခြေစောင့်တပ်က နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး မနေ့က နိုဝင်ဘာ ၇ရက်နေ့မှာ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ က အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ပြီးနောက် ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကာ ၎င်းတို့ကို မိသားစုများထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ TTN သတင်းဌာနက ဖော်ပြပါတယ်။ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်ကနေ့ကလည်း ပင်လယ်ဓားပြတိုက်ကာ ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို အောက်တိုဘာလ ၇ရက်နေ့မှာ အာရက္ခကမ်းခြေစောင့်တပ်က မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေအနီး မှာ ကယ်တင်နိုင်ခဲ့ကာ သက်ဆိုင်ရာကို လွှဲပြောင်း ပေးခဲ့ပါတယ်။

You may have missed