Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2026

ကမ်ပိန်းသတင်း

အညာဒေသရဲ့ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ရပ်အဖြစ် ဖော်ဆောင်သွားမယ့် “End Point ” Project ကို စက်တင်ဘာလ ၆ ရက်ကနေ နိုဝင်ဘာလ ၆ ရက်အထိ ပြုလုပ်ခဲ့ပေမယ့် ကမ်ပိန်းတားဂတ်ရဲ့ ၄၀%ကိုသာ ရရှိခဲ့တာကြောင့် ကျန်ရှိနေတဲ့ ၆၀%ကို ဖြည့်တင်းနိုင်ဖို့အတွက် ဒီဇင်ဘာလ ၆ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း အနေနဲ့ ညီနောင်မဟာမိတ်တွေနဲ့အတူ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)မှာ ဟန်ချက်ညီညီနဲ့ ရန်သူ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်စခန်းတွေကို ဖိအားပေး တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ပြည်သူတွေ ပင်ပန်းခက်ခဲနေတာကို သိပေမယ့် ဒီပရောဂျက်က အညာဒေသအတွက် အရေးကြီးတဲ့ ပရောဂျက်ဖြစ်တာကြောင့် နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့ Myingyan Black Tiger အဖွဲ့က တောင်းဆိုထားပါတယ်။မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်းဟာ အခုအချိန်မှာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)အပြင် အခြား အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ အဓိကကျတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် “End Point” Project ကို မျှော်မှန်းပမာဏ ကျပ်သိန်း ၅၀၀၀ အဖြစ်သတ်မှတ်ထားတာကြောင့် တော်လှန်ပြည်သူတွေအနေနဲ့ ပြင်းထန်တဲ့ လှိုင်းလုံးတစ်လုံးဖြစ်ပေါ်ပြီး မြို့သိမ်းတိုက်ပွဲတွေ မြင်တွေ့နိုင်ဖို့ End Point ကမ်ပိန်းရဲ့ ကျန်ရှိနေတဲ့ ၆၀ ရာခိုင်နှုန်းကို ကူညီထောက်ပံ့ပေးကြဖို့ ထပ်မံ အသိပေးနှိုးဆော်လိုက်ရပါတယ်။

You may have missed