မကွေးတိုင်း၊မင်းဘူးခရိုင်၊အမ်း- ပဒါန်းလမ်းမပေါ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီစခန်းနှစ်ခုကို ပူးပေါင်းတော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ကြကြောင်း နိုဝင်ဘာလ ၆ ရက်၊ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) က ထုတ်ပြန်တာဖြစ်ပြီး နိုဝင်ဘာလ ၅ရက် နံနက် ၁၁နာရီ ၅မိနစ် အချိန်တွင်စီးနင်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ တိုက်ပွဲအတွင်း ရန်သူ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။ တိုက်ခိုက်စီးနင်းခံရတဲ့ စခန်းဟာ အမ်း- ပဒါန်းလမ်းမပေါ်ရှိ ဂုတ်ကြီးကျေးရွာထိပ်၊ဘုံဘောလမ်းဆုံနှင့် မိုင်တိုင်(၁၁)ဖြစ်ပြီး ရန်သူအင်အား ၃၅ဦးခန့်ရှိသော စခန်းဖြစ်ပါတယ်။
“တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ခြောက်ယောက်လောက်သေသွားတာကို မျက်မြင်တွေ့ရကြောင်း၊ အလောင်းတွေသယ်ထုတ်သွားတဲ့အခြေအနေတွေကိုကြည့်ပြီး ၁၀ဦးခန့်သေဆုံးနိုင်တယ်လို့ အတည်ပြုခဲ့တာဖြစ်ကြောင်း ” PRA – Magway စစ်ဦးစီး ချုပ် နောင်သူရိန်က ပြောပါတယ်။ အဲ့လိုအနိုင်ယူပြီးနောက် နယ်မြေရှင်းလင်းဖို့လုပ်နေစဉ်မှာပဲ စစ်ကောင်စီရဲ့ နတ်ရေကန်စခန်းမှ ဟောင်ဝစ်ဇာများပစ်တဲ့အပြင် မြေပြင်စစ်ကူတွေရောက်လာလို့ ဆုတ်ခွါခဲ့ကြကြောင်း ဆိုပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ နယ်မြေ အမ်း – ပဒါန်းလမ်းသည် အမ်းမြို့နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အတွက် စစ်ကောင်စီက လက်နက်၊ရိက္ခာထောက်ပို့အဖြစ်အဓိကအသုံးပြုသည့်လမ်းပိုင်းတခုဖြစ်ပြီး အခုချိန်မှာတော့ တော်လှန်တပ်တွေက ပိတ်ဆို့ ဖြတ်တောက်တာ ခံနေရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ရက်နေ့ကလည်း အန်း – ပဒါန်းလမ်းမပေါ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။ အမ်းမြို့နယ်ဖက်မှ ရိက္ခာပို့ပြီးပြန်လာသော စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် မဟာမိတ်တပ်တွေ ဝိုင်းတိုက်ခဲ့တာဖြစ်ပြီး ရန်သူ ၁၀ ဦးခန့်သေဆုံးသွားခဲ့ပါသေးတယ်။ အခုနောက်ဆုံးတိုက်ပွဲကိုတော့ PRA – Magway နှင့်အတူအရှိုချင်းကာကွယ်ရေးတပ်(ACDF)နှင့် မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရခိုင့်တပ်တော်ရဲ့ ရခိုင်ပြည်အတွင်း တိုင်းစစ်ဌာနချုပ်ကို အောင်မြင်တဲ့အခါ ပြည်သူ့ကာကွယ်ရေးတပ်များရှိရာ စစ်ရေးနယ်မြေတွေမှာလည်း ပိုပြီးတော်လှန်ရေးအားကောင်းဖို့ စိတ်အားထက်သန်လျက်ရှိကြပါသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ