Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

မြိုင်မြို့ပေါ် ဈေးဝယ်ထွက်လာတဲ့ စစ်သား ၂ဦးကို ပစ်ခတ်လို့ ၂ဦးလုံးသေဆုံး၊ ရဲ ၂ဦးကိုပစ်ခတ်မှုအတွင်း သေနတ် ၁လက်ရရှိ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်သို့ ဈေးဝယ်ထွက်လာတဲ့ စစ်သား ၂ဦးကို ပစ်ခတ်လို့ ၂ဦးလုံးသေဆုံးပြီး ရဲ ၂ဦးကိုပစ်ခတ်မှုအတွင်း သေနတ် ၁လက်ရရှိခဲ့ကြောင်း မြိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။မနေ့ကနိုဝင်ဘာ ၆ရက်နေ့ မနက် ၆နာရီခွဲလောက်မှာ မြိုင်မြို့နယ်မြောက်ဘက် ချောင်းဆုံဂိတ်ကနေ မြို့ပေါ်သို့ ဈေးဝယ်လာတဲ့ စစ်သား ၂ဦးကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ဦးလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် မော်တော်ဆိုင်ကယ် စီးနင်းလာတဲ့ ရဲသုံးပွင့်ဗိုလ် ချစ်စမ်းမောင်နဲ့အတူ ရဲတပ်သား ၁ဦးကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါရဲများထံက MA -3 သေနတ် (၁) လက် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မြိုင်မြို့နယ်နဲ့ မြိုင်မြို့ပေါ်နယ်မြေများအား စိုးမိုးထားပြီး ရိက္ခာဖြတ်တောက်ခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်းနဲ့ မျက်ခြေမပြတ် စောင့်ကြည့်လှုပ်ရှားတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖတပ်ရင်း (၁) ခွဲ (၃) နဲ့ အတူ Joker ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းစီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed