Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

မြိုင်မြို့ပေါ်မှာ ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားနှစ်ဦးကို တော်လှန်ရေးရဲဘော်များ စောင့်ဆိုင်းပစ်ခတ်ပြီး သေနတ်သိမ်းယူနိုင်ခဲ့ကြပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Joker ပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။နိုဝင်ဘာလ ၇ ရက်၊ မနက် ၆ နာရီခွဲခန့်ဖြစ်ခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ မြိုင်မြို့၏ မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်သားနှစ်ဦး ဈေးဝယ်ထွက်လာတာ ဖြစ်ပါတယ်။ စောင့်ဆိုင်းပစ်ခတ်မှုမှာတော့ဗိုလ်ဖြစ်သူ ချစ်စမ်းမောင်နှင့် တပ်သား ၁ ဦး နှစ်ယောက်လုံး သေဆုံးပြီး MA -3 သေနတ် ၁ လက်ကိုသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ဈေးဝယ်ထွက်မှန်းသတင်းရတာ ကြာပြီဖြစ်ပေမယ့် ကင်းနေရာနဲ့အတော်နီးနေလို့ အခွင့်ကောင်းစောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုဖြစ်တဲ့နေရာဟာ စစ်ကောင်စီတပ်များရှိတဲ့ မြို့နယ်မီးသတ်ရုံးနှင့် အထက ၁ ကျောင်းအနီးကြားမှာဖြစ်ပေမယ့် ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ ခွဲ ၃ နှင့် အတူ Joker ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်အနိုင်ယူခဲ့တာ ဖြစ်ပါသည်။

***********************

စလင်းမြို့နယ် တညောင်တိုက်နယ်ရဲစခန်းနှင့် လျှပ်စစ်ရုံးအနီးက စစ်ကောင်စီတပ်အုပ်စုကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ရာမှ ၇ ဦးသေဆုံးသွားပါတယ်မကွေးတိုင်း၊ စလင်းမြို့နယ်တွင်းက တညောင်-ဆိပ်ဖြူကားလမ်း အရှေ့ဘက်ခြမ်းမှာရှိတဲ့ တညောင် ရဲစခန်းနဲ့ မြို့လှ လျှပ်စစ်ခွဲရုံးက စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၅ရက် မနက်အစောပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်တွေက ၂နေရာခွဲပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ဒရုန်းတွေ၊ လက်နက်ကြီးငယ်တွေနဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲမှာ ရန်သူ ၇ ယောက်သေပြီး အများအပြားဒဏ်ရာရသွားကြတယ်လို့ ပ.က.ဖ စလင်းက သတင်းထုတ်ပြန်ထားပါတယ်။ “တညောင်ရဲစခန်းနဲ့ မြို့လှလျှပ်စစ်ဓာတ်အားခွဲရုံက ၁ မိုင်ခွဲကျော်ခန့်သာ ဝေးတာဖြစ်လို့ တစ်ဖက်ဖက်ကနေ စစ်ကူမလာနိုင်အောင် အဖွဲ့ခွဲပြီး တပြိုင်နက်တည်းဝင်တိုက်တာမျိုးပါ။ ရဲစခန်းတွင်းမှာ အင်အား ၃၀လောက်ရှိတာကို တော်လှန်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ဝင်စီးခဲ့ကြတယ်လို့ ဆိုထားပါတယ်။ ဒီချိန်မှာ လျှပ်စစ်ခွဲရုံဘက်က စစ်ကူမလာနိုင်ရေးအတွက် အပြင်ကနေပဲ လက်နက်ကြီး၊ လက်နက်ငယ် အပြင် ဒရုန်းနဲ့ချခဲ့တယ်လို့ တော်လှန်ရေးဘက်က ဆိုပါတယ်။ အင်အား ၈၀ လောက်ရှိတာဖြစ်လို့ လျှပ်စစ်ခွဲရုံတွင်းထိတော့ ဝင်ရောက်တိုက်ခိုက်ခြင်း မလုပ်ခဲ့ကြောင်း ပ.က.ဖ စလင်းမှတာဝန်ခံ ကိုအောင်ဆန်းက ပြောပြပါတယ်။ တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီဘက်က ၇ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းနဲ့ ရဲစခန်းပတ်ပတ်လည်မှာရှိတဲ့ အတားအဆီးတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ စလင်း ပကဖ က ထုတ်ပြန်ပါတယ်။ အဲ့ဒီနောက် ပ.က.ဖစလင်းရဲ့ သတင်းတာဝန်ခံ ကိုအောင်ဆန်းက ပြောရာမှာ “ကညောင်တိုက်နယ်က ဆိပ်ဖြူ-ဆင်ဖြူကျွန်း- စလင်းလမ်းပိုင်းပေါ်ရှိတော့ လမ်းပိုင်းစိုးမိုးဖြတ်တောက်နိုင်ရေးတွေက အရေးပါတယ်။ နောက်ပြီးကပစ ၂၁/၂၅ တို့လို စက်ရုံတွေကို အဓိကလျှပ်စစ်ဓာတ်အားပေးနေတဲ့ လျှပ်စစ်ခွဲရုံရှိတော့ စစ်ကောင်စီအတွက်ရော ကျနော်တို့အတွက်ပါ စစ်ရေးအရ အရေးပါပါတယ်။ လက်ရှိ စလင်း-ဆိပ်ဖြူကားလမ်း အရှေ့ဘက်ခြမ်းကို ကျနော်တို့တွေ စိုးမိုးထားနိုင်ပါပြီ။ နောက်ထပ် စလင်းတစ်မြို့နယ်လုံး စိုးမိုးနိုင်ဖို့ကသာ အဓိကပါ” လို့ ကိုအောင်ဆန်းက ဆိုပါတယ်။ အခုတိုက်ပွဲကို ဖော်ဆောင်ရာမှာတော့ မကွေးတိုင်းပကဖရဲ့ စီမံမှုနဲ့အတူ ရပ်ကျေးပကဖတွေအပြင် မင်းဘူးခရိုင်ပကဖ၊ သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ Chauk Guerrilla Force ( CGF) စတဲ့ အဖွဲ့တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စလင်းမြို့ထဲက ဦးစီးမှူးနေအိမ်နှုတ်ဆက်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ကလည်း ဒရုန်းဗုံးကြဲခဲ့ကြပါသေးတယ် ထိုစဉ်ကတော့ မြို့နယ်ရဲမှူးအပါအဝင် ၄ယောက်သေကာ ၃ယောက်ထိခိုက်ဒဏ်ရာနဲ့ ဆေးကုနေရကြောင်း တော်လှန်ရေးတပ်ဘက်က သတင်းထုတ်ပြန်ထားတာ တွေ့ရှိရပါသည်။

You may have missed