Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဆရာဦးဝင်းဌေး နှင့် မိသားစုအသတ်ခံရခြင်းနဲ့ပက်သက်ပြီး တရားမျှတမှုရရှိအောင်ကြိုးပမ်းသွားမယ်လို့ အန်ယူဂျီအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဝမ်းနည်းကြောင်းသဝဏ်လွှာကို နိုဝင်ဘာလ ၅ ရက်နေ့ရက်စွဲနဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် ညအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး သည် တပုန်းကျေးရွာနေအိမ်၌ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနှင့် သူ၏မိသားစုအား ယခုကဲ့သို့ တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနှင့်ပတ်သက်၍ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး အသေးစိတ်မှတ်တမ်းတင်လျက် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှု ရရှိနိုင်ရန် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြုပါသည်ဟု ရေးသားထားပါတယ်။ သတ်ဖြတ်ခံရသည့် ပညာရေးတာဝန်ခံ ဦးဝင်းဌေးသည် တပုန်းကျေးရွာ၌ တာဝန်ကျပြီး အိမ်ငှားနေထိုင်နေရသူဖြစ်ကြောင်း၊ ၎င်း၏သမီးငယ်မှာ အောက်တိုဘာ ၂၀ ရက်က ရက်တစ်ရာပြည့်မွေးနေ့ ပြုလုပ်ထားသည့်ကလေးငယ်ဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသွားကြတာဖြစ်ကြောင်း မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ပြောပါတယ်။ ဦးဝင်းဌေးမိသားစု သတ်ဖြတ်ခံရသည့် တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး ပျူစောထီးအချိူ့လည်း ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း အရာတော်မြို့နယ်တွင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးတာဝန်ခံ အသက် (၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသေးတယ်။ တော်လှန်ရေးအင်အားစု စိုးမို့တဲ့ဒေသတွေမှာ အခုလို လုပ်ကြံသတ်ဖြတ်မှုတွေက ကြားကာလ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်သည့် လုပ်ရပ်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေး ဖြေရှင်းဖို့လိုမှာဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာနေပါသည်။

You may have missed