တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းရှေ့မှာ ငွေတောင်းနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိသွားကြောင်း People Defence Force Thandaung က သတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နေ့က တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းရှေ့မှာ မော်တော်ယာဉ်တွေကို ပိုက်ဆံမတရားတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို People Defence Force Thandaung (တောင်ငူခရိုင်၊တပ်မဟာ(၂)၊တပ်ရင်း(၅)လက်အောက်ခံ )အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းကို စနိုက်ပါမစ်ရှင်ဖော်ဆောင်ခဲ့လို့ တပ်ကြပ် ၁ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆သေဆုံးခဲ့ကြောင်း People Defence Force Thandaung က ထုတ်ပြန်ထားပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ