Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

စလင်းမှာ ရဲစခန်းနဲ့ တပ်စခန်းကို တပြိုင်တည်းတိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်စခန်း ၂ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ရက်နေ့ မနက် ၅နာရီမှာ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က တညောင်ရဲစခန်းနဲ့ ထန်းနှစ်ပင်ရွာနဲ့ မြို့လှရွာကြားက တညောင်လျှပ်စစ်ခွဲရုံးတို့ကို တပြိုင်တည်းတိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုကြောင့် လျှပ်စစ်ခွဲရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးကျဆုံးပြီး အများအပြားဒဏ်ရာရသွားကာတညောင်ရဲစခန်းပတ်လည်က အတားအဆီးတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရပ်ကျေးပကဖတွေ၊ မင်းဘူးခရိုင်ပကဖ၊ မကွေးတိုင်းပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ Chauk Guerrilla Force( C.G.F)တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ RPGတွေအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

You may have missed