Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုကျော်လွန်ပြီး fix wing ဒရုန်းတွေ နေပြည်တော်အနီး ကျော်လွှားကျရောက်လာနေပါတယ်

နေပြည်တော်အနီး လယ်ဝေးမြို့နယ်အတွင်းကို နိုဝင်ဘာလ ၅ ရက်နေ့မနက်က fix wing ဒရုန်းတွေဝင်ရောက်လာနိုင်ပြီး ပစ်ချထားနိုင်ခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ပါတယ်နိုဝင်ဘာလ ၅ ရက်နေ့မနက်မှာ Fixed Wing တွေ ဝင်ရောက်ပျံသန်းလာပြီး ၃ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီသတင်းများက ဆိုပါတယ်။ ပစ်ချပြီးနောက်မှာတော့ လယ်ဝေးမြို့နယ် ကြောင်ရေရွာ ကြံခင်းစု နနွင်းအိုင် စတဲ့ရွာများအနီးမှာ ဗုံးသီးများနဲ့အတူ ရှာဖွေတွေ့ခဲ့ကြောင်း ဗုန်းသီးတွေကို ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီသတင်းများက ဆိုပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အာဏာသိမ်းအုပ်စုရဲ့ အရေးပါတဲ့ နယ်မြေများကို ရှိသမျှလက်နက်အင်အား၊ နည်းပညာစွမ်းအားနဲ့ ထိုးဖောက်တိုက်ခိုက်ဖို့ အမြဲတမ်းကြိုးစားနေကြပါတယ်။နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်တွင်လည်း ရန်ကုန်၊ မင်္ဂလာဒုံလေတပ်သို့ ရှော့တိုက်ဒုံး ပစ်ခတ်သံနှင့်အတူ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးနေမှုများ အပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SHADOW SAF အဖွဲ့မှ တာဝန်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အခုတခါ နေပြည်တော်အနီးကို fix drone များ ဝင်ရောက်လာခြင်းမှာလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် လယ်ဝေးမြိုနယ်အတွင်းသို ဒေသန္တရလုပ် Fixed Wing အချို စမ်းသပ်ပစ်လွှတ်ခြင်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ယခုနှစ် အေပရယ်လတုန်းကလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နဲ့ လယ်ဝေး၊ အေလာမြို့နယ်တွေကို ဝင်ရောက်လာတဲ့ Fixed Wing တွေကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသေးတယ်။ အေပရယ်လတုန်းက တိုက်ခိုက်မှုကိုတော့ အေလာလေတပ်ကို တိုက်ခိုက်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ခုတကြိမ်မှာတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။အကြမ်းဖက်ခေါင်းဆောင်တွေ စုပေါင်းနေထိုင်ကြတဲ့ နေပြည်တော်ကောင်စီနယ်မြေပတ်ပတ်လည်မှာ လေကြောင်းရန်ကာကွယ်နိုင်ရေးနဲ့ ကင်းထောက်နိုင်ရေး လေကာစနစ်အများအပြားနဲ့ ဝိုင်းရံပိတ်ဆို့ထားတာ ဖြစ်ပေမယ့် ဒါတွေကိုကျော်လွန်ပြီး နေပြည်တော်နယ်မြေတွင်းထိ Fixed Wing တွေ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

You may have missed