Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 13, 2025

မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ထွက်လာတဲ့ ပျူစောထီးတွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပျူတွေဆီကနေ M16သေနတ် ၂ လက်၊ G3 ၁ လက်၊ 5.56 ကျည် ၁၈၀ တောင့်၊ G3ကျည် ၈၀ တောင့်၊ ဖုန်း၂လုံးနဲ့ Icon တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။အဲဒီတိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစု၊ M.V.P Revoulation force၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့မြိုင်၊ UAV frighter၊ မဟူရာအလင်းတန်းပြောက်ကျား၊ Phoneix People Defence Force၊ Scopion People Defence Force၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့နဲ့ ဇာမဏီ Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

You may have missed