Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

တောင်ကုတ်မြို့နယ် ပန်းမြောက်တောင် အမြောက်တပ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပန်းမြောက်တောင် အမြောက်တပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ပန်းမြောက်တောင်က စစ်ကောင်စီတပ်သားတွေ တပ်ဆုတ်သွားတာကြောင့် AA က နိုဝင်ဘာ ၃ရက်မှာ သိမ်းယူလိုက်တာလို့ သိရပါတယ်။စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုတွေလုပ်ဆောင်နေတဲ့ကြားက AA က သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အများအပြားကျဆုံးကာ တပ်ဆုတ်လာသူတွေဟာ သေနတ် ၃လက်လောက်ကိုင်ဆောင်တပ်ဆုတ်သွားရကြောင်း စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီပန်းမြောက်တောင် အမြောက်တပ်ဟာ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တောင်ကုတ် တပ်မရဲ့ ရှေ့စခန်းဖြစ်ပြီး ၃ မိုင်ခန့်သာကွာဝေးရာ တပ်ဆုတ်သွားတဲ့ စစ်သားတွေဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ (စကခ ၅) တပ်မအကူအညီနဲ့ ဝေဠုဝန်တောင်ပေါ်မှာ ခံစစ်ပြင်ပြီး ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့လဲ သိရပါတယ်။ပန်းမြောက်တောင် လက်နက်ကြီးအထိုင်စခန်းမကျစေရေး စစ်တပ်က ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတွေကနေ လက်နက်ကြီးသုံးကာ အပြင်းအထန်ခုခံနေသလို လေကြောင်းကနေပါ ဗုံးကြဲနေတာကြောင့် ဒေသခံ သောင်းနဲ့ချီဟာလဲ ပိတ်မိနေတယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ်မှာ ဂွမြို့ ၊ တောင်ကုတ်မြို့နဲ့ ၊ အမ်းမြို့နယ် တို့ မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းက နေ့စဉ်နဲ့ အမျှ တိုက်ခိုက်နေလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသအခြေစိုက်မီဒီယာတွေထံက သိရပါတယ်။

You may have missed