Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

စစ်ကိုင်းတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်ကို တိုက်ခိုက်လို့ စစ်သား ၂၀ခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ စစ်ကိုင်းတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်တပ်ဂိတ်ကို မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၂၀ခန့်သေဆုံးခဲ့ကြောင်း SAGAING PDF က သတင်းထုတ်ပြန်ပါတယ်။စစ်ကိုင်းတက္ကသိုလ် စစ်တပ်ဂိတ်ကို နိုဝင်ဘာလ ၄ ရက်နေ့၊ မနက် ၅နာရီ ၁၅မိနစ်ခန့်မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာချိန်မှာ တပ်မ ၃၃ မှ စစ်ကူယာဥ်တန်းရောက်ရှိလာတာကြောင့် ဖြတ်တောက်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထပ်မံသေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝန်းအတွင်းရှိ စစ်သားများ ကျောင်းပေါက်ဝ အရောက်မှာ ထပ်မံ မိုင်းတစ်လုံးဆွဲခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဝန်းကျင်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကြောင်း သတင်းရရှိပါတယ်။အဆိုပါ စစ်ဆင်ရေးကို SAGAING PDF နဲ့ အတူ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ လည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။စစ်ကိုင်းမြို့နယ်အတွင်းရှိစစ်ရေး ပစ်မှတ်များကို SGAGING PDF အနေဖြင့် ဆက်လက်တိုက်ထုတ်သွားမယ်လို့ အသိပေးထားပါတယ်။

You may have missed