TNLA ထိန်းချုပ်ထားတဲ့ တအာင်းပြည်အတွင်း တင်သွင်းလာတဲ့ သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။တအာင်းပြည်အတွင်းရှိ ဒေသခံပြည်သူလူထုများ၏ အခက်အခဲများကိုဖြေရှင်းနိုင်ဖို့ ကင်းလွတ်ခွင့်ပြုလိုက်တာဖြစ်ပြီး တအာင်းပြည်အတွင်းသို့ တင်သွင်းတဲ့ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်(မန္တလေး)မှ တအာင်းပြည်အတွင်းတင်သွင်းလာတဲ့ သွင်းကုန်များဖြစ်တဲ့ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများနှင့် တအာင်းပြည်အတွင်း အချင်းချင်း ကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကောက်ခံမှာမဟုတ်ကြောင်းနဲ့ ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။သို့သော် PSLF/TNLAရဲ့ အကောက်ခွန်ဌာနမှ အခွန်ကောက်ခံမယ့် ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး တအာင်းပြည်-တရုတ်ပြည်အကြား သွင်းကုန်/ပို့ကုန်ကုန်ပစ္စည်းများ နဲ့ တအာင်းပြည်မှ မြန်မာပြည်(မန္တလေး)သို့ တင်ပို့သည့်ကုန်ပစ္စည်းများကိုတော့ အခွန်ကောက်ခံသွားမယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ