ကချင်အထူးဒေသ ၁ရှိ ဖီမော်မြို့၊ ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များ ဝင်ရောက်လာစဉ် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်ခဲ့ပြီး အဲ့ဒိရွာကို KIA က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် ကချင်အထူးဒေသ-၁ ဖီမော်မြို့ အရှေ့မြောက်ဘက် တရုတ်-ကချင် နယ်စပ်ရှိ ကန်ဖန့် ရွာကို KIA ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် လာစဉ် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်ခဲ့တာဖြစ်ပြီး ပြီး ပြည်သူတွေကလည်း KIA တပ်ဖွဲ့ဝင်များကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ဆေးမှုတွေ လုပ်ဆောင်နေ သလို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်တချို့က လက်နက်များကို ရေထဲပစ်ချခဲ့တာကြောင့် KIA နဲ့ PDF တွေ ဆယ်ယူခဲ့ပြီး လက်နက်အများအပြားရရှိခဲ့တယ်လို့ သိရပါတယ်။ကချင်အထူးဒေသ (၁) ဟာ စစ်ကောင်စီနဲ့ ၎င်းရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဘဏ္ဍာရေး ရေသောက်မြစ်တစ်ခုဖြစ်တဲ့ မြေရှားသတ္တုဆိုဒ်ပေါင်း (၃၀၀) ကျော်ရှိတဲ့ ဒေသဖြစ်ပြီး ဆော့လော်၊ ချီဖွေ၊ ပန်ဝါမြို့တွေအပြင် BGF ဌာနချုပ် ၃ခုကိုပါ KIA ကထိန်းချုပ်ထားပြီးဖြစ်တာကြောင့် အဲ့ဒိဒေသမှာ ကန်ပိုက်တည်မြို့တစ်ခုသာ KIA သိမ်းပိုက်ဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ