အာဏာသိမ်းစစ်ကောင်စီတပ်မှာ လက်နက်ကြီး ကြီးကြပ်တာဝန်ယူခဲ့ပြီး အကြမ်းမဖက် အာာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ကာ PDF-Zoland မှာ ဒုတပ်စိတ်မှူး တာဝန်ထမ်းဆောင်နေတဲ့ ပေါင်ခန့်ခိုင်(ခ) ကိုစစ်သားဟာ ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာလို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။အသက် ၄၀ အရွယ် ဒုတပ်စိတ်မှူး ပေါင်ခန့်ခိုင် (ခ) ကိုစစ်သားဟာ နေမကောင်းဖြစ်ရာက တစ်လနီးပါးခန့် ဆေးကုသမှုခံယူနေရပေမယ့် ဆေးဝါး မလုံလောက်မှု၊ ထိရောက်စွာကုသနိုင်မှုမရရှိတာတို့ကြောင့် မီဇိုရမ်ပြည်နယ်ဆီ ဆေးဝါးကုသဖို့သွားချိန် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းမှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ PDF-Zoland က ဆိုပါတယ်။
ယခင်က စစ်တပ်မှာ လက်နက်ကြီး ကြီးကြပ်တာဝန်ယူထားတဲ့ ကိုစစ်သားဟာ PDF-Zoland မှာလည်း လက်နက်ကြီးပိုင်း တာဝန်ယူ ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။စစ်အာဏာရှင်စနစ်တော်လှန်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တက်တက်ကြွကြွပါဝင်ပြီး ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အင်မတန် ဝမ်းနည်းကြောင်း PDF-Zoland က ထုတ်ပြန်ထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ