Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း တပ်ခွဲမှူး ၃ဦးအပါ ဖမ်းဆီးရမိသူတွေကို စစ်သုံ့ပန်းလုပ်ထုံးများနဲ့အညီထိန်းသိမ်းထား

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း တပ်ခွဲမှူး ၃ဦးအပါ ဖမ်းဆီးရမိသူတွေကို စစ်သုံ့ပန်းလုပ်ထုံးများနဲ့အညီထိန်းသိမ်းထားကြောင်း KNU မူတြာ်သတင်းစဉ်က ထုတ်ပြန်ပြောပါတယ်။အောက်တိုဘာလ ၂၉ရက်နေ့ကနေ ၃၁ရက်နေ့အတွင်း ခေါပုတ်စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်စစ်သားတွေကို ပိုက်စိပ်တိုက်လိုက်လံရှင်းလင်းစဥ် တပ်ခွဲမှူး ၃ဦးအပါအဝင် တပ်သား(၁၇)ဦးကို လက်နက်များနဲ့အတူ အရှင်လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အရှင်လက်ရဖမ်းဆီးနိုင်များထဲတွင် ခမရ(၃၄၀)မှ တပ်ခွဲမှူးတစ်ဦး၊ ခမရ(၃၄၁)မှ တပ်ခွဲမှူးတစ်ဦး၊ ခလရ(၁၉)မှတပ်ခွဲမှူးတစ်ဦးနှင့် ခမရ(၃၄၀)မှဆေးတပ်မှူးတစ်ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။အရှင်လက်ရဖမ်းဆီးစဥ် ဒဏ်ရာရသူတွေကို POW(Prisoner of War)စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်စွာဆေးကုသမှုများပေးထားကြောင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။အင်အား ၁၀၀ကျော်ခန့်တပ်စွဲထားတဲ့ စစ်တပ်ရဲ့ အရေးပါတဲ့ ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ရက်မှာ KNLA-အမှတ်(၅)တပ်မဟာနဲ့ မဟာမိတ်ပူးပေါင်းစစ်သည်တော်များက ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်သားအလောင်းတွေနဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။အဲ့ဒိတပ်စခန်းမှာ ၁၉၉၂ခုနှစ်တွင်လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး အဲ့ဒိအချိန်ကစလို့ ဒေသတွင်းရှိအပြစ်မဲ့ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ ပေါ်တာဆွဲခိုင်းစေခြင်းများ စဥ်ဆက်မပြတ်ပြုလုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

You may have missed