Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

KNU ထိန်းချုပ်နယ်မြေထဲဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိ

KNU ထိန်းချုပ်နယ်မြေ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ထဲဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ဒရုန်းလက်ရုံးတပ်ဖွဲ့ထံက သိရပါတယ်။မနေ့က နိုဝင်ဘာ ၂ရက်နေ့ နေ့လည် ၁နာရီခွဲခန့်မှာ KNU ထိန်းချုပ် နယ်မြေ ၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား (၂၀၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KNLA ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) ၊ ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုများတို့က တိုက်ခိုက်ခဲ့ကြတာပါ။ထိတွေ့တိုက်ပွဲ (၁) နာရီကျော်ခန့် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များ အပြန််လှန်ပစ်ခတ်သလို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) ဒရုန်းလက်ရုံးတပ်ဖွဲ့ကလဲ ဒရုန်းဗုံးသီးတွေနဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် ကျဆုံး ၊ ဒဏ်ရာရ သူတွေကို ဖောကားနဲ့ စောင့်ကြိုခေါ်ဆောင်ကာ ဆုတ်ခွာသွားခဲ့ပါတယ်။တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်အကျအဆုံးမရှိပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂၀ မမ နဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်တစ်လုံး ၊ ဘုန်းကြီးကျောင်း ဇရပ်တစ်ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။လက်ရှိအချိန်ထိ နယ်မြေအတွင်း နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေတယ်လို့ န်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ က ထုတ်ပြန်ပြောဆိုထားပါတယ်။

You may have missed