Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည် စတင်

ကချင်ပြည်နယ်နဲ့ စကိုင်းတိုင်းအစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လလယ်မှာ စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ အင်းတော်မြို့မရဲစခန်းနဲ့ တပ်စခန်းအချို့ကို သိမ်းပိုက်ပြီးနောက် ၁လနီးပါးကြာတိုက်ပွဲငြိမ်သက်နေရာက နိုဝင်ဘာ ၁ရက်နေ့ကစပြီး ပြန်လည် တိုက်ခိုက်နေပြီလို့ သိရပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်တပ်ကုန်း၊ ဘုရားကုန်းနဲ့ စစ်ကောင်စီတပ်စွဲရာ အင်းတော်မြို့မဘုန်းကြီးကျောင်းတို့မှာ တကျော့ပြန်တိုက်ပွဲတွေဖြစ်လာတာလို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် အင်းတော် – ကသာလမ်းပိုင်းနဲ့ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတွေကို ယာယီပိတ်ထားရပြီး ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့လည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ကချင်လွတ်လပ်ရေးတပ်(KIA) ဦးဆောင်တဲ့ အမှတ် ၁ စစ်ဒေသ တော်လှန်ရေးအင်အားစုဟာ ကချင် နဲ့ ဆက်နေတဲ့ စစ်ကိုင်းတိုင်း ထဲက အင်း‌တော်၊ ပင်လယ်ဘူး၊ နဘား၊ ထီးချိုင့် စတဲ့ မြို့ တွေကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ထိုးစစ်ဆင်ခဲ့တာပါ။အင်းတော်တိုက်ပွဲမှာတော့ မြို့မရဲစခန်း၊ မြို့အရှေ့ဘက် ၄ မိုင် အကွာက နဘားလမ်းဆုံစစ်စခန်း၊ မြို့နဲ့ ၈ မိုင်အကွာက နန့်သာရွာစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီး ဒီနေ့ထိထိန်းချုပ်ထားဆဲဖြစ်ကာ ကျန်ရှိနေတဲ့ နေရာတွေကို သိမ်းပိုက်ဖို့အတွက် တကျော့ပြန်တိုက်ပွဲစတင်လာတာဖြစ်ပါတယ်။

You may have missed