တနင်သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ဟားလီးကွေ့မှာ အခိုင်အမာစခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ စစ်သား ၁၅ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ရက် မနက် ၆နာရီခန့်မှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ဟားလီးကွေ့အထိုင်စခန်းကို ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၄နာရီခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ MA 3 သေနတ် ၂လက်၊ 5.56 ကျည် ၄၀၀တောင့်၊ ကျည်ဘောက် ၇ခု၊ ဦးထုပ် ၂လုံး၊ လက်ပစ်ဗုံး ၁လုံး၊ လက်ကိုင်ဖုန်း ၃လုံး၊ အီကွေ့မန့် ခါးပတ် ၁ခု၊ စစ်သုံးပုခပ် ၁ခု၊ ကင်မရာ ၁လုံး၊ ၁၄မိုင်း ၁လုံး၊ ဟန်းကော ၁လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ထားတယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် ပြည်သူများ စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပြီး ပြည်သူ့ဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်သား၊ ရဲများကိုလည်း ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ