မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တလိုင်းရပ်(ရွာသစ်) ပျူစောထီးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁ရက်နေ့ မနက် ၃နာရီခွဲမှာ ပျူစောထီတွေနဲ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြီး မနက် ၄နာရီလောက်မှာ င် ပျူစောထီးများ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် အဆိုပါစခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ပျူစောထီး ခေါင်းဆောင် ကျော်မင်းထူး နေအိမ်မှာ စခန်းချနေတဲ့စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရှိရသေးဘူးလို့ အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း ကာဘိုင် ၁လက်၊ ရှော့ဂန်း ၁လက်၊ 7.62ကျည် ၁၉၅တောင့်၊ ကာဘိုင်ကျည် ၆၅တောင့်၊ ရှော့ဂန်းကျည် ၃၇တောင့်၊ MG1 လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာ Equimentတစ်ထည် ၊ စစ်ယူနီဖောင်းအများအပြား နဲ့ပိုက်ဆံ တစ်သိန်းငါးထောင်ကျပ် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ