Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျောင်းသားတပ်မတော်က ထုတ်ပြန်လိုက်ပါတယ်

ABSDF ခေါ် ကျောင်းသားတပ်မတော်ကို အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စတဲ့ဦးတည်ချက်တွေနဲ့ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးသမိုင်းမှာ ABSDF တပ်မတော်ဟာ ကျောင်းသားကိုယ်စားပြု တပ်အဖြစ် ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းပြီးနောက် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေနဲ့ လူငယ်တွေ စုစည်း တည်ထောင်ခဲ့ကြတာပါ။ခုတော့ နောက်ထပ်အာဏာရှင်မျိုးဆက်စစ်တပ်က ထပ်မံအာဏာသိမ်းရာမှ နောက်ထပ်တော်လှန်မျိုးဆက်ဖြစ်တဲ့ People Defense Force / PDF နှင့်အတူ ဆက်လက်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က အာဏာရှင်စနစ်အမြစ်ပြတ်တဲ့ထိတိုက်မယ်လို့ ၄င်းတို့တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အခမ်းအနားမှာ ထုတ်ပြန်ခဲ့ကြပါတယ်။ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် မျိုးဆက်သစ်တွေဟာ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့အတူ လက်တွဲပြီး လက်တွေ့ တိုက်ပွဲဝင်နေကြတယ်လို့လည်း ABSDF က ထည့်သွင်းဖော်ပြပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဖွဲ့စည်းတည်ထောင်ခဲ့တာဟာ ၃၆ နှစ်ကာလ ရောက်ခဲ့ပါပြီ။ တော်လှန်ရေးခရီးစဉ်တလျှောက် တပ်ဖွဲ့ဝင် ၈၂၆ ယောက် သေဆုံးပြီး ၄၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ၃၆ နှစ်မြောက် သဝဏ်လွှာမှာ ထုတ်ပြန်ပါရှိပါတယ်။ အာဏာသိမ်းအကျိုးဆက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေ ယိုယွင်းပျက်စီးနေပြီး အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောင်းသားတပ်မတော်က ဆိုပါတယ်။ ဒါကြောင့်မို့ စစ်ကောင်စီပြုတ်ကျဖို့အရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ ဘက်ပေါင်းစုံကနေ အရှိန်မြှင့် ဆောင်ရွက်ရမဲ့ အချိန်ရောက်နေပြီလို့လည်း ABSDF က ပြောပါတယ်။ ABSDF တည်ထောင်ခြင်း ၃၆ နှစ်ပြည့်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ၊ PRA-Magway ၊ BLDF စတဲ့အဖွဲ့တွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြကြောင်း သိရပါသည်။

You may have missed