Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

ရခိုင့်တပ်တော်ရဲ့ ထိုးစစ်တွေဟာ အမ်းမြို့ပတ်ပတ်လည်က ကာကာင်းစခန်းတွေထိ ရောက်ရှိလာပါပြီ

သတင်းထုတ်ပြန်ချက်မရှိဘဲ အချိန်အတန်ကြာ ထိုးစစ်ဆင်နေတဲ့ ရခိုင့်တပ်တော်ရဲ့ စစ်ရေးပစ်မှတ်ဟာ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်။ ဒီနေ့ နောက်ဆုံးရထားတဲ့ သတင်းတွေအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အနီးက အမှတ် (၂) ခုတင် ၃၀၀ စစ်ဆေးရုံကို ရခိုင့်တပ်တော်က သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။ အေအေက ဆက်သွယ်ရေးဖြတ်တောက်ထားနိုင်တာဖြစ်လို့ စစ်ကောင်စီရဲ့ မြေပြင်ထောက်ပို့တွေဟာ အမ်းကို မကူညီနိုင်ဘဲ ဒဏ်ရာရထားတဲ့ ရန်သူတွေလည်း ယာယီဆေးပေးခန်းတွေမှာပဲ ကုသခံနေရကြောင်းလည်း သိရပါတယ်။ အမ်းမြို့နယ်အနီးဝိုက်မှာတည်ရှိတဲ့ပူလောင်တောင်ဘုရားကုန်းက တပ်စခန်း၊ ကံ့ကော်တစ်ထောင်ဘုရားက စစ်ကောင်စီတပ်စခန်း၊ စရဖတပ်၊ စစ်ကောင်စီတပ်ရဲ့ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းနဲ့ နပခတဝိုက်က ကာကင်းစခန်းတွေဆိုရင်လည်း အေအေက နိုဝင်ဘာလအစမှာပဲ သိမ်းပိုက်ထားနိုင်ပါပြီ။ အမ်း-မင်းဘူးတောင်ကြားလမ်းပေါ်က စစ်တပ်စခန်းတွေအားလုံးကို အေအေက သိမ်းပိုက်ထားတာလို့ ဒေသတွင်းသတင်းတွေက ရေးပေမယ့် အေအေဘက်ကတော့ သိမ်းပိုက်အောင်မြင်မှုသတင်းတွေ မထုတ်ပြန်ပါဘူး။ စစ်ကောင်စီကလည်း နပခအခြေစိုက်တဲ့ အမ်းမြို့က ခုတင် ၃၀၀ စစ်ဆေးရုံအပါအဝင် စစ်တပ်စခန်းနဲ့ ကာကင်းစခန်းတွေ သိမ်းခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ အမ်းကို လေးဘက်လေးတန်က ပိတ်ဆို့ပြီးနောက်မှာ အေအေရဲ့ ထိုးစစ်ကတော့ နပခ ကာကင်းတွေထဲထိ ရောက်ရှိလာပြီဆိုတာတော့ ပြောနိုင်ခဲ့ပါပြီ။

“ တိုက်ပွဲက နေ့တိုင်းဖြစ်နေပြီး တပ်တော်က နပခ ကာကင်းတွေအထိ ထိုးဖောက်နေကြောင်း ဒေသခံတဦးကဆိုပေမယ့် တပ်တော်ဘက်က ထုတ်ပြန်မှသာ အတည်ပြုရမယ့်အကြောင်းလည်း သူကပြောပါတယ်။ အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ မဲတောင်ဗျူဟာ တို့ကို AA က သိမ်းပိုက်ခြင်း လူသိခဲ့ပြီးနောက် ယခုအချိန်မှာလည်း ခမရ ၃၇၂, ခမရ ၃၇၃ တပ်ရင်း၊ ဆေးတပ်၊ ထောက်ပို့တပ်၊ စစ်ဆေးရုံ၊ တစ်မိုင်ကုန်းစခန်း၊ ကံ့ကော်တစ်ထောင်ဘုရား စခန်း၊ သင်တန်းကျောင်း၊ စရဖ တပ် စသဖြင့် သိမ်းလိုက်ပြီဆိုတဲ့ အရပ်ဘက် သတင်းများလည်းခပ်စိပ်စိပ်ထွက်ပေါ်နေကြပါပြီ။အမ်းမြို့နှင့် (နပခ) ကို သိမ်းပိုက်ဖို့ ပစ်မှတ်ထားမှုနဲ့အတူတဖက်စစ်မျက်နှာမှာလည်း ရခိုင့်တပ်ဟာတောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တို့တွင်လည်း စစ်မျက်နှာဖွင့်ထားပါသေးတယ်။ စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းသင်တန်းသားသစ်များနှင့် လေကြောင်းတိုက်ခိုက်မှုကို အဓိကထားပြီး ရခိုင့်တပ်ရဲ့ ထိုးစစ်ကို အလူးအလဲခုခံနေရပါပြီ။ အမ်းမြို့တွင်းမှာလည်း သတင်းတွေအရ ပိတ်မိနေတဲ့ အရပ်သား ၁၀၀၀ ကျော်ရှိကြောင်းကိုလည်း စုံစမ်းသိရပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ည ၆ နာရီကျော် လေကြောင်းဗုံးဒဏ်ကြောင့် အမ်းမြို့ အမှတ် ၄ ရပ်ကွက်နဲ့ မြို့မြောက်ပိုင်းမှာ ဗုံးကျရောက်ပြီး အရပ်သား ၁၀ ဦးသေပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြပါသေးတယ်။ တိုင်းရင်းသားတပ်တွေရဲ့ မကြုံစဖူးတဲ့ အောင်မြင်မှုတွေဟာ စစ်ကောင်စီကျဆုံးဖို့ အရေးပါတဲ့ အင်အားတွေဖြစ်ပါကြောင်း ရခိုင်ပြည်စစ်ရေးသတင်းတွေကို တင်ပြလိုက်ရပါသည်။

You may have missed