Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
July 26, 2026

ပဲခူး၊ ကျောက်ကြီးမှာ PDFပူးပေါင်းတပ် တွေတိုက်ခိုက်လို့ စစ်သား ၁၀ဦးသေဆုံးပြီး ၁၅ဦးထိခိုက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်‌တွေ တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်။ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ P2-7803 ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် KNLA ပူးပေါင်းတပ်တို့က နိုဝင်ဘာ ၁ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းက ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်ဘက်က စစ်ကူများအဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ပစ်ကူပေးခဲ့ပေမယ့်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

You may have missed