တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက မြို့နယ် ၄ခုမှာ စစ်ကောင်စီယန္တရားလည်ပတ်နေတဲ့ ရုံးဌာနတွေနဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ဦးနဲ့ တပ်ကြပ် ၁ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးနဲ့အထက်ရှိကြောင်း Sky Ghost Drone Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်း ထားဝယ်ခရိုင်၊ မြို့နယ် ၄ခုရှိ စစ်ရေးအရ အလွန်အရေးပါတဲ့ အဆောက်အအုံတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကထားပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၅ရက် မနက် ၉နာရီ ၄၅မိနစ်မှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ အစိုးရအဖွဲ့ရုံးကို တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၁၆ရက် ညနေ ၅နာရီခွဲမှာ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၇ရက်နေ့မှာ သရက်ချောင်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ ခမရ ၄၀၅တပ်ရင်းကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။တိုက်ခိုက်မှုတွေအတွင်း အရာခံဗိုလ်တစ်ဦးနဲ့ တပ်ကြပ်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးနဲ့အထက်ရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင်ဒရုန်းစ်စဆင်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ