စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်မယ့် ဂျန်မာတွေကို Fedral Wings အဖွဲ့ တီထွင်ထုတ်လုပ်နိုင်ပြီလို့ အသိပေးလာပါတယ်။Federal Shield လို့အမည်ပေးထားတဲ့ Drone Jammer ကို Fedral Wings R&D တပ်ဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းရန်ကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တော့မှာဖြစ်ပြီး ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကိုလည်း ကျော်လွှားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုအတွက် လေယောဉ်တွေကိုသာအားကိုးနေရတဲ့စစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားရဲ့ နည်းပညာအကူအညီနဲ့ အခုနှစ်တွေမှာ ဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်မှုတွေလုပ်ဆောင်လာခဲ့ပါတယ်။Fedral Wings အဖွဲ့ဟာ ဒရုန်းအမျိုးမျိုးနဲ့ ကျည်ကာဝတ်စုံအမျိုးမျိုးတို့ကို တီထွင်ထုတ်လုပ်နေတဲ့အဖွဲ့ဖြစ်ပြီး KNLA၊ Cobra စစ်ကြောင်းတို့နဲ့အတူ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ ဂျန်ဘာတွေကိုဖြိုခွင်းတိုက်ခိုက်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ