စစ်ကောင်စီကို ပြတ်ပြတ်သားသားတိုက်နေတဲ့ ကချင်ပြည်နယ်ဘက်မှာတော့ ကေအိုင်အေနောက်ထပ်သိမ်းပိုက်ဖို့ကြိုးစားနေတာကတော့ တရုတ်မြန်မာနယ်စပ် ဖီမော်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ BGF ၁၀၀၁ တပ်ရင်းဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ BGF တပ်တွေရဲ့ နောက်ဆုံးလက်ကျန်ဖြစ်ပြီး ဒီနေ့ မှာပဲ သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေတာတွေ့ရပါတယ်။အခုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ထိုးစစ်ဟာ အထူးဒေသ ၁ အခြေစိုက် ၁၀၀၂ တပ်ရင်းဌာနချုပ်ရယ်၊ ကံပိုင်တည်မြို့အနီး စင်ကြိုင်ရွာအနီးက ၁၀၀၃ တပ်ရင်းရယ်ကို သိမ်းပိုက်ပြီးနောက် ဆက်လက်ဖော်ဆောင်နေတဲ့ ထိုးစစ်ဖြစ်ပါတယ်။ ၁၀၀၁ ကို ထပ်မံတိုက်ခိုက်နေတာမှန်ကန်ကြောင်းနဲ့ သိမ်းယူအောင်မြင်ကာနီးပြီဖြစ်ကြောင်းကိုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။လတ်တလောအောင်မြင်မှုတွေအရ စစ်ကောင်စီ ဗျူဟာစခန်းများ၊ တပ်စခန်းများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်စခန်းများ စုစုပေါင်း တပ်စခန်း ၅၀ကျော် သိမ်းပိုက်ရရှိထားပြီးဖြစ်ပြီး ချီဖွေ၊ ဆဒုံး၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပါပြီ။အဲ့ဒီနောက်မှာပဲ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ပြည်သူ့စစ်တွေအနေနဲ့ မိမိတို့နဲ့အတူ ပူးပေါင်းဖို့တိုက်တွန်းထားတဲ့အပြင် စစ်ကောင်စီအမြစ်ဖြတ်ဖို့အထိ အစီအမံတွေ ထားရှိပြီးဖြစ်တဲ့အကြောင်းကိုလည်း ထုတ်ပြောထားပါတယ်။
ဗန်းမော် မိုးမောက် ဘက်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက KIA သိမ်းပိုက်ထားတဲ့ ခမရ ၄၃၇ တပ်ရင်းကို စစ်ကောင်စီအင်အား ၄၀၀ ဝန်းကျင်က ပြန်လည်ကြိုးစားနေကြပြီး မိုးမောက်မရောက်ခင် ၆ မိုင်ခန့်အလို အောင်မြေကျေးရွာအနီးတဝိုက်မှာ KIA နဲ့စစ်ကောင်စီတို့ စစ်ရေးတင်းမာနေကြပါတယ်။ စစ်ကောင်စီတပ်များဘက်မှ ဗန်းမော်ကနေ တင့်ကား ၄ စီးပါ စစ်ကြောင်းတခုရောက်ရှိလာပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့က အင်အားတိုးမြှင့်လာနေပြီး ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားပါတယ်။ ထိုဒေသမှာတော့ စစ်ကောင်စီဟာ တင့်ကား ဒရုန်းလက်နက်ကြီးများပါသုံးပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။ နှစ်လဝန်းကျင်အထိ ရင်ဆိုင်တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်တွေ တဖြည်းဖြည်းနီးလာကြောင်းလည်း သိရပါတယ်။ခမရ ၄၃၇ ကိုရပြီးကတည်းက တော်လှန်ရေးတပ်တွေဟာ ပြန်ပြီးလက်မလွှတ်ရဖို့ ပိတ်ဆို့တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ဖားကန့်ဒေသ KIA တပ်မဟာ (၉) နေရာမှာလည်း စစ်ကောင်စီဘက်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ လာရောက်ဗုံးကြဲခဲ့ပါတယ်။ ဆိုင်းတောင်ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဆိုင်းတောင်မှာလည်း စစ်ကောင်စီလေယာဉ်တွေ ဝဲနေကြောင်း သိရပါတယ်။ လေကြောင်းဗုံးကြဲခြင်းတမျိုးကိုသာ စစ်ကောင်စီက အားကိုးနေရတာဖြစ်လို့ “အောက်ပြည်မှ လေကြောင်းတွေ တောက်လျှောက်တက်နေကြောင်း၊ လားရှိုးနမ့်ခမ်းတကြောက စစ်ကောင်စီလေကြောင်းကို အထူးသတိထားဖို့လိုကြောင်း သတိပေးမှုတွေလည်း မြင့်တက်လာနေပါတယ်။ ဆုံးရှုံးပြီးသားနယ်မြေများ ပြန်ရဖို့အရေး၊ ဆုံးရှုံးကာနီးနယ်မြေများကို စိုးမိုးထားနိုင်ရေးအတွက် စစ်ကောင်စီဟာ ကချင် ၊ ရခိုင် ၊ ရှမ်းမြောက် နှင့် တအန်းတပ်မတော် ထိန်းချုပ်နယ်မြေတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေကြပါသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ