ဩဂုတ် ၁၀၊ VOR
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အကျဉ်းထောင်မှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အကျဉ်းသားများလွတ်မြောက်လာတယ်လို့သိရပါတယ်။
” အချို့ နှစ်ရှည်ကျခံထားရသူတွေပါပြီး စစ်ကိုင်းဒေသဘက်က လူတွေတောင် ပါလာပါတယ်။
အကျဉ်းထောင်ထဲမှာ ခြေသည်းတွေဆွဲနှုတ်၊ သံချောင်းနဲ့ပြန်ရိုက်တဲ့ထိ နှိပ်စက်ခံခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။”လို့ စစ်ရေးသတင်းအရင်းမြစ်က ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများပါဝင်ပြီး အကျဉ်းသားများဟာ TNLA ထံရောက်ရှိသွားကာ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ လွှဲအပ်သွားမယ်လို့ ဆိုပါတယ်။
သီပေါမြို့နယ် ညောင်ပင်ကုန်း(အကျဥ်းထောင်)မှာ ဒီနေ့မနက် ၈နာရီခွဲအချိန် တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ် စကခ(၁)လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄)၊ ခလရ (၂၃)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာ TNLA က သီပေါမြို့ရှိ ထောင်၊ရဲစခန်းအပါအဝင် မြို့အားလုံးနီးပါးကို သိမ်းထားနိုင်ပြီး စစ်ကောင်စီပင်မတပ်စခန်းပဲ ကျန်ရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်