Categories

August 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
April 24, 2026

လားရှိုးမြို့တဝိုက် MNDAA အလံလွှင့်ထူ

လားရှိုးမြို့တဝိုက် MNDAA အလံလွှင့်ထူ

ဩဂုတ် ၁၀၊ VOR

လားရှိုးမြို့တဝိုက်ရှိ အရေးပါသော အထင်ကရနေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသအလံနှင့် MNDAAတပ်မတော်အလံများ လွှင့်တင်ခဲ့သည်ဟု ကိုးကန့်တပ်မတော်က သတင်းထုတ်ပြန်သည်။

လားရှိုး လွတ်မြောက်ရေး လှုပ်ရှားမှု ပြီးဆုံးသည်နှင့် သြဂုတ်လ ၈ ရက်နေ့တွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေး ဌာန အလုပ်အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ(၁) အလံနှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် အလံအား နောင်မွန် မှ လားရှိုးလမ်းတစ်လျှောက်ဟိုပိတ် ဒေသ နှင့် ယူနိုင်ဒေသ ကဲ့သို့ အရေးကြီး အထင်ကရ နေရာများတွင် လွှင့်တင်ခဲ့သည်ဟု သိရသည်။

မှတ်တိုင်တစ်ခုစီတွင် လွှင့်တင်ထားသော အထူးဒေသ အလံများနှင့် MNDAAတပ်မတော်အလံများသည် တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်တစ်ရပ်ကို ကိုယ်စားပြုပြီး၊ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ မြင့်မားသောအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အထူးအုပ်ချုပ်ရေးဒေသ(၁)၏ သန္နိဋ္ဌာန်ကို ပြသကာ တပ်မတော်နှင့်ပြည်သူများ အကြား စည်းလုံးညီညွတ်မှုနှင့် တိုးတက်မှုကို လမ်းညွှန်ပြသသည်ဟု ဆိုသည်။

You may have missed