ဇူလိုင် ၁၅၊ VOR
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ် ပျူစောထီးစခန်းကို အညာဒေသရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ 96 Soldiers – PDFက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါစခန်းကို ဇူလိုင်လ ၁၃ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၄ရက်မနက်ပိုင်းမှာ ကူးတို့ဆိပ်ပျူစောထီးကျေးရွာ အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှအထိအခိုက် အကျအဆုံးကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို 96 Soldiers – PDF(အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့I Shwebo FederaL Army၊ BFDF(Burmese Farmer Defence Force)၊ Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့၊ စွန်ရဲ ရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ LPDF၊ CAF(Civil Armed force) တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
96 Soldiers – PDF(အညာဒေသ)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး Frghter one တပ်ဖွဲ့မှ ရဲဘော် ၁ဦးဒဏ်ရာစိုးရိမ်ရပြီး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်