Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
February 15, 2026

အောင်ဇေယျစစ်ကြောင်းကို Rocket တွေနဲ့တိုက်ခိုက်

မေ ၁၃၊ VOR

ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းကို Rocket များဖြင့်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ ကျားဖြူစစ်ကြောင်းက မနေ့က သတင်းထုတ်ပြန်ပါတယ်။

မနေ့က မေလ (၁၂)ရက်နေ့မှာ ကရင်ပြည်အတွင်း ထိုးစစ်ဆင်နေတဲ့ နိုင်ငံတော်အဆင့် အော်ဇေယျ စစ်ဆင်ရေးစစ်ကြောင်းကို အမှတ် ၃၁ ‌ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ ပူးပေါင်းပြီး rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အောင်ဇေယျစစ်ကြောင်းဘက်က ထိခိုက်မှုရှိပီး ဒဏ်ရာရ အရေအတွက်ကို စုံစမ်းဆဲဖြစ်တယ်လို့ လဲ ထုတ်ပြန်ချက်က ဆိုပါတယ်။

မေလ ၃ရက်နေ့ကလည်း တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်မှုကြောင့် အောင်ဇေယျစစ်ကြောင်းက ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ဦးသေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြော ဘေးကင်းရာအရပ်မှာသာ သတိပြုနေထိုင်ကြဖို့ ကျားဖြူစစ်ကြောင်းက သတိပေးထားပါတယ်။

ဒါ့အပြင်မေလ (၁၂)ရက်နေ့မှာပဲ အောင်ဇေယျစစ်ကြောင်းမှာ အဓိကပါဝင်တဲ့ တပ်မ ၅၅ မှ စစ်ကောင်စီတပ်သားနှစ်ဦးဟာ လက်နက် တွေယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်သား ၃ဦး အမှတ် ၃၁ ဗျူဟာထံ ဆက်သွယ်ကာ အလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေအနေနဲ့ မင်းအောင်လှိုင်နှင့်အာဏာရှင် လူတစ်စု အတွက် ပြည်သူကိုလူထုကို ဆန့်ကျင်ကာ အသက်ပေး တိုက်ပွဲဝင်ခြင်းမပြုပဲ ပြည်သူလူ ထုနဲ့အတူ ရပ်တည်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ အလင်းဝင်ရောက်ကြဖို့ ကျားဖြူစစ် ကြောင်းက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ကော့ကရိတ်မှ မြဝတီမြို့သို့ချီတက်လာတဲ့ အောင်ဇေယျစစ်ကြောင်းဟာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ထုတ်မှုကြောင့် အင်အား ၃၀၀ နီးပါး ထိခိုက်သေဆုံးသွားပြီလို့ သိရပါတယ်။

You may have missed