Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
May 13, 2025

NUG ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး၊ တာဝန်ရှိသူများနှင့် မြန်မာတိုင်းရင်းသားများ တွေ့ဆုံ

မေ ၅၊ VOR

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့မှာ NUG အစိုးရ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ နဲ့ မြန်မာတိုင်းရင်းသားများက မေလ ၄ ရက်နေ့မှာ တွေဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို 1Brick1Sand-Charlotte NCအဖွဲ့က Organize လုပ်ကာ တော်လှန်ရေးရံပုံငွေ ဈေးရောင်းပွဲတော် နှင့်အတူကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်သူများကို NUG ဝန်ကြီးများနဲ့ သံအမတ်ကြီးတို့မှ နှုတ်ခွန်းဆက်စကားနဲ့အတူ နွေဦးတော်လှန်တော်လှန်ရေး​၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

လက်ရှိပြောင်းလဲလာသော နွေဦးတော်လှန်ရေး အခြေအနေများအရ နိုင်ငံတကာနှင့် ဆက်သွယ်ရေးတိုးတက်မှုအခြေအနေများ၊ နိုင်ငံတကာရောက် မြန်မာပြည်သူများ​၏ ထောက်ပို့မှုများနဲ့ ပြည်သူလူထုနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ စုစုစည်းစည်း ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

တက်ရောက်လာသူများ​ကလည်း တော်လှန်ရေးနှင့်ပတ်သက်သော မေးခွန်းများနဲ့ NUG အစိုးရ​၏ လုပ်ဆောင်နေမှုနှင့် ပတ်သက်သောမေးခွန်းများကိုမေးမြန်းပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

You may have missed