မေ ၃၊ VOR
ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando-ဗျူဟာစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကရင်ပြည်နယ်၊ ဒူးပလယာခရိုင်အတွင်းရှိ တောင်စွန်းအခြေစိုက်စစ်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
ကရင်ပြည်နယ်၊ဒူးပလယာခရိုင်၊ဝင်းရော်ဒေသ၊ဝင်းရေးမြို့နယ်တွင် နှစ်(၄၀)ကျော်အထိုင်ချတပ်စွဲထားသော လင်းနယ်(တောင်စွန်း)စခန်းကို ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion စစ်ကြောင်း(KNLA+PDF)နဲ့ ပူးပေါင်းစစ်ကြောင်းတွေက အပြီးတိုင်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအထိုင်စခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မေလ ၃ရက်နေ့အထိ ၁၆ ရက်ကြာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီလေကြောင်းမှ လေကြောင်းပစ်ကူ အကြိမ်ရေ ၂၀၀ ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်၊
ဒါ့အပြင် Lion Battalion Commando ဗျူဟာစစ်ကြောင်း တပ်မှူး ဗိုလ်အယ်စေးဝါးကစစ်ကောင်စီအရာရှိ ဗိုလ်ကြီး သန့်ဇင်ဝင်းထံ စစ်ကောင်စီတပ်သားတွေကို လာရောက်ပူးပေါင်းဖို့ အသံချဲ့စက်နဲ့ ဖိတ်ခေါ်နေတဲ့ရုပ်သံဖိုင်ဟာလည်း ဒီနေ့မေလ ၃ရက်နေ့မှာ ရှေ့တန်းရဲဘော်တွေထံကနေ ထွက်ပေါ်လာပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များအား နာရီဝက်အချိန်ပေးကြောင်း ဗိုလ်အယ်စေးဝါးက ပြောကြားခဲ့ပြီး အကယ်၍ ပူးပေါင်းလာပါက စစ်ကောင်စီကို ပြန်လည်တော်လှန်တိုက်ခိုက်နိုင်သကဲ့သို့ နယ်မြေအတွင်းလုံခြုံစွာ နေထိုင်ခိုလှုံနိုင်ကြောင်း၊ အခြားနိုင်ငံသို့ ကူးနိုင်ကြောင်း ဗိုလ်အယ်စေးဝါးက ပြောထားပါတယ်၊
လက်ရှီမှာ တောင်စွန်းစစ်ကောင်စီတပ်စခန်းအတွင်း KNU အလံနှင့် PDF အလံ လွှင့်ထူထားပြီးဖြစ်တယ်လို့ သိရပါတယ်။
https://www.facebook.com/VORLiveNews/videos/1446121346273711

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်