မေ ၃၊ VOR
ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇နဲ့ Dawei Defense Team – DDTချေမှုန်းရေးတပ်ခွဲ့-၁ (ထားဝယ်- ပကဖ)၊ ဒေါင်းညီနောင်စစ်ကြောင်းတို့ က တနင်သာရီတိုင်း သရက်ချောင်းမြို့မှာ စစ်တပ်ကိုတိုက်ခိုက်ရာ စစ်သား ၆ဦးသေဆုံး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ Dawei Defense Team – DDTက သတင်းထုတ်ပြန်ပါတယ်။
တနင်သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီစခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၂၅ရက်နေ့ မနက် ၂နာရီအချိန်လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက RPG နဲ့ ၂ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မနက် ၃နာရီအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိကာ စက်လက်ကျည် ၁၆၈တောင့်၊ စစ်ယူနီဖောင်း ၁စုံ၊ ကျည်ကာ ၁စုံ၊ ဖိနပ် ၁ရံတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိပြီး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒိတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇နှင့် Dawei Defense Team – DDTချေမှုန်းရေးတပ်ခွဲ့-၁ (ထားဝယ်- ပကဖ) ဒေါင်းညီနောင်စစ်ကြောင်းတို့ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ KNLA တပ်တွေဟာ ကရင်ပြည်နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ တနင်သာရီတိုင်းအတွင်း ထားဝယ်ဒေသကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်