မေ ၅၊ VOR
ရက္ခိုင်ပြည် ဘူးသီတောင်မြို့က ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅၊ စကခ ၁၅တပ်မ ဌာနချုပ်တို့အပြင် မောင်တောမြို့နယ်က တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတွေကို သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်က ဒီကနေ့ထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြတဲ့ စကခ (၅) တောင်ကုတ်၊ စကခ (၉) ကျောက်တော်နှင့် စကခ (၁၅) ဘူးသီးတောင်တို့ဟာ ရက္ခိုင်ဒေသအတွင်းမှာတည်ရှိပါတယ်။
အဲ့ဒိ စကခ သုံးခုထဲက တစ်ခုဖြစ်တဲ့ စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်းတွေ အားလုံးကို အာရက္ခ တပ်တော် က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ တစ်ခုမကျန် အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်ပါတယ်။
လက်ကျန် စကခ နှစ်ခုထဲမှတစ်ခုဖြစ်တဲ့ ဘူးသီးတောင်”မြို့က “စကခ (၁၅) လက်အောက်ခံ တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဗျူဟာဌာနချုပ်အပါအဝင် စကခ ၁၅ရဲ့ စခန်း ၅ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပါတယ်။
ဘူးသီးတောင်မြို့ စကခ ၁၅လက်အောက်ခံ
(၁) ခမရ (၅၅၂) တပ်ရင်းကို မတ်လ (၂၅) ရက်နေ့တွင်လည်းကောင်း၊
(၂) ခမရ (၅၆၄) တပ်ရင်းကို ဧပြီလ (၅) ရက်နေ့တွင်လည်းကောင်း၊
(၃) ခမရ (၅၆၅) တပ်ရင်းကို ဧပြီလ (၂၄) ရက်နေ့တွင်လည်းကောင်း၊
(၄) စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်ကို မေလ (၂) ရက်နေ့တွင်လည်းကောင်း၊
(၅) ခမရ (၅၅၁) တပ်ရင်းကို မေလ (၃) ရက်နေ့တွင်လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိထားပြီး ဖြစ်တယ်လို့ AA က ထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ချ အညံ့ခံတဲ့ သုံ့ပန်းတွေ ကို ဖမ်းဆီး ရမိထားသလို စကခ (၁၅) တပ်မဌာနချုပ်ကို အာရက္ခတပ်တော်မှ ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ (၁၂) ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ခမရ (၅၅၁) နှင့် စကခ (၁၅) တပ်မဌာနချုပ်မှ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်နေတဲ့ ရန်သူများသည် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုတွေရှိခဲ့ပေမယ့်လည်း AA u ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးမှုများ များပြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက်က စစ်ကောင်စီရဲ့ တာဝါတိုင် စခန်းကုန်း၊(၆) မိုင်စခန်းကုန်း တို့အပြင် နခခ-၁ (ကျီးကန်းပြင်) နခခ-၁၀ (လှဖိုးခေါင်) စခန်းတွေကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ထိုးစစ်များနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ကိုယ်လက်အင်္ဂါများကို ပေးဆပ်စွန့်လွှတ် ခဲ့ရသော အာရက္ခ စစ်သည်တော်တွေကို လေးနက်စွာ မှတ်တမ်းတင်ရှိသည့်အပြင် ထိုးစစ်တိုက်ပွဲများ အတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ ကြီးကြပ်ကွပ်ကဲ နိုင်ကြသော အဆင့်ဆင့်သော အာရက္ခစစ်သည်တော်များကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သလို အမ်းမြို့နယ်အတွင်းက တောဟိန်းတောင်ဗျူဟာ ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီ နှင့် အာရက္ခတပ်တော် ( Arakan Army) တို့ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှာ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလဟာ ခြောက်လနီးပါးခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။


some genuinely marvelous work on behalf of the owner of this site, absolutely great subject material.