မတ် ၁၄၊ VOR
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် နှင့် မြဝတီမြို့ နယ်အစပ် သင်္ကန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်ရင်းအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် အစပ် သင်္ကန်းညီနောင် အခြေစိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်ရင်းအား KNU – တပ်မဟာ (၆) KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်၊ မနက် (၁၀း၁၉) မိနစ် မှ စတင်၍ ဝင်ရောက်တိုက်ခိုက် ချေမှုန်းရာ ညနေ (၆း၄၅) မိနစ်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် မှ မျက်မြင်(၁၉) ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအား စီစစ်ဆဲဖြစ်သလို မြောက်များ စွာသော ဒဏ်ရာရဦးရေ သည်လည်း ပြန်လည်စီစစ်ဆဲဖြစ်ကြောင်း သိရသည်။
ထိုစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ –
(၁) MA-1 – ၆၅ လက်
(၂) MA-2 – ၁၀ လက်
(၃) MA-3 – ၁၆ လက်
(၄) MA-4 – ၃ လက်
(၅) MA – 5 (အတို) – ၂၅ လက်
(၆) 7.62/ MAS (sniper) -၂ လက်
(၇) 12 V ( ၉ လုံး) – ၁ လက်
(၈) 28 mm (ရှဲဂန်း) – ၁ လက်
(၉) ငါးကြင်းမြီး စက်လက် – ၃ လက်
(၁၀) 81 mm/MA-14 (ရိုင်ဖယ်) -၂ လက်
(၁၁) 60 mm (ကွန်မန်ဒိုစိန်ပြောင်း) – ၉ ပြောင်း
(၁၂) 60 mm (အထိုင်စိန်ပြောင်း) -၂ ပြောင်း
(၁၃) 81 mm (စိန်ပြောင်း) – ၁ ပြောင်း
(၁၄) RPG – ၇ လက်
(၁၅) RPG (အသီး) – ၁၅၃ လုံး
(၁၆) RPG (ပို့ယမ်း) – ၁၄၂ တောင့်
(၁၇) .5 ကျည် – ၂၃၀၀ တောင့်/ ပုံး ၄ ပုံး
(၁၈) အီနာဂါ – ၇၃ လုံး
(၁၉) 40 mm (ဗုံးသီး) – ၃၄ လုံး
(၂၀) 40 mm (မီးခိုးဗုံး) – ၄ လုံး
(၂၁) လက်ပစ်ဗုံး – ၆၅ လုံး
(၂၂) 60 mm (အသီး) -၂၉ လုံး
(၂၃) 81 mm (အသီး) – ၃၈ လုံး
(၂၄) တင့်ဖျက်မိုင်း (အကြီး) – ၃ ခု
(၂၅) တင့်ဖျက်မိုင်း -၂၂ ခု
(၂၆) ရှေ့ထွက်မိုင်း – ၇ ခု
(၂၇) နင်းမိုင်း – ၁၀၅ ခု
(၂၈) နင်းမိုင်း (အသေး) – ၆၅ ခု
(၂၉) တိုက်မိုင်း – ၆၉ ခု
(၃၀) MA ကျည်ဘောက် – ၃၆ ဘောက်
(၃၁) MA ကျည် (အဝိုင်းဘောက်) -၂ ဘောက်
(၃၂) 7.62 (Sniper ကျည်ဘောက်) – ၁ ဘောက်
(၃၃) MA-13 (ကျည်ဘောက်) – ၇ ဘောက်
(၃၄) MA-5/MK-2 (ကျည်ဘောက်) -၂၈ ဘောက်
(၃၅) MA-11(ကျည်ဘောက်) – ၅ ဘောက်
(၃၆) လှံစွပ် -၃၇ ချောင်း
(၃၇) 5.56 ကျည် – ၁၀,၀၀၀ တောင့်
(၃၈) 7.62/39.G-3 ကျည် – ၁၀,၀၀၀ တောင့်
(၃၉) .5 စက်လက် – ၁ လက်/ ၁ ပြောင်းပို
(၄၀) 7.62/G-3 ကျည် – ၁၀,၀၀၀ တောင့်
(၄၁) 5.56 ကျည် – ၁၀,၀၀၀ တောင့်
(၄၂) လက်ပစ်ဗုံး (စနတ်တံမပါ) – ၁၆ လုံး
(၄၃) လက်ပစ်ဗုံး (စနတ်တံပါ) -၂၄ လုံး
(၄၄) စစ်သုံး ၆ ဘီးကား -၃ စီး
(၄၅) စစ်သုံး တံခါး ၄ ပေါက် -၂ စီး တို့ဖြစ်ကြောင်း သိရသည်။
ထိုစခန်းသိမ်းတိုက်ပွဲ အတွင်း KNLA – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှလည်း (၄) ဦး ပြင်းထန် ဒဏ်ရာ နှင့် (၄) ဦး မစိုးရိမ် ဒဏ်ရာရခဲ့ပြီး (၆) ဦး မှာ တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရကြောင်း သိရသည်။
နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ လေယာဥ် ပစ်ကူအဖြင့် သော်လည်းကောင်း၊ လက်နက်ကြီး ပစ်ကူအဖြင့် သော်လည်းကောင်း လုပ်ဆောင်နေသည့်အတွက် အပြစ်မဲ့ ပြည်သူပေါင်း ၁၀ ဦး ဝန်းကျင် သေဆုံးခဲ့ရပြီး မြောက်များစွာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် မှ လေယာဥ်ဖြင့် အလွန်အကျွံ အသုံးပြုလျှက်ရှိပြီး ရမ်းသမ်း လိုက်လံ ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အိမ် ၂၀ လုံး ဝန်းကျင် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း၊ မြို့တွင်း တိုက်ပွဲများအဖြစ် သော်လည်းကောင်း ဆင်နွှဲလျှက် ရှိသည်။ နောက်ထပ် တိုက်ခိုက် သိမ်းပိုက် ရရှိသော တပ်စခန်းများအား ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးမှ အချက်အလက် အပြည့်အစုံဖြင့် ပြန်လည် ထုတ်ပြန်ပေးသွားမည် ဟု ဆိုသည်။



More Stories
ပခုက္ကူရေလာလေးရွာ တိုက်ပွဲမှာ တော်လှန်တပ်တွေအနိုင်ရခဲ့ပြီး လက်နက်ခဲယမ်းပစ္စည်းများသိမ်းဆည်း
ကန်ပိုက်တီမြို့က ဌာနဆိုင်ရာရုံးတွေနဲ့ ရုတ်-မြန်မာချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းမှာ ကချင်အမျိုးသားအလံလွှင့်ထူ
လေကြောင်းရန်နှင့်တရုတ်ရန် နှစ်ဖက်ညှပ်နေတဲ့ကြားမှာပဲ စစ်ကောင်စီကို အမြစ်ဖြတ်မယ်လို့ KIOဥက္ကဋ္ဌ က ထုတ်ပြောလိုက်ပြီး အန်ယူဂျီအစိုးရကလည်း တန်ဖိုးထား ကမ္ဗည်းတင်ကြောင်း သဝဏ်လွှာပါးလိုက်ပါတယ်