Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 24, 2025

မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

မတ် ၈၊ VOR

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီရဲ့လေတပ်ကို မနေ့က မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် Mi17 ရဟတ်ယာဉ်တစ်စီးနဲ့ လေယာဉ်တစ်စီး ထိခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

မနေ့ မတ်လ ၇ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားရှိ စစ်ကောင်စီ လေတပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်ခံခဲ့ရပြီး ရှော့တိုက်ဒုံး ထိမှန်မှုကြောင့် ရပ်ထားတဲ့ Mi17 ရဟတ်ယာဉ် တစ်စီး ထိမှန်ပျက်စီးခဲ့ကာ မီးလောင်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း ထိမှန်ခဲ့တယ်လို့ သိရှိရပါတယ်။

“မြစ်ကြီးနား လေတပ် ရှော့တိုက်ဒုံးထိပြီးတော့ Mi 17 ရဟတ်ယာဉ်နဲ့ အခြားတစ်စီး မီးလောင်တယ်။ အဲဒါကတော့ သေချာတယ်ဗျ။နှစ်စီးတော့ ထိပါတယ်” လို့ သတင်းအရင်းအမြစ်မှ ရှင်းပြခဲ့ပါတယ်။

မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

You may have missed