Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
April 24, 2026

သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်းအပြင် လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်သဖြင့် မြို့သစ်မှ လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာကျ

သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်းအပြင် လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်သဖြင့် မြို့သစ်မှ လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာကျ

မတ် ၉၊ VOR

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်က ယမန်နေ့ ညဉ့်နက်ပိုင်းမှစတင်ကာ ယနေ့ နံနက်အစောပိုင်းအထိ တစ်ညလုံး လေယာဉ်ဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာ ကျသွားကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း – ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် ခမရ ၃၅၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

စစ်တပ်က လေကြောင်း ဗုံးကြဲခြင်းများ တစ်နေကုန် ပြုလုပ်ခဲ့ပြီး ခမရ ၂၇၅ တပ်မှလည်း အတွဲလိုက်ဒုံးများ ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မြ၀တီမြို့ သဘာ၀တရားရိပ်သာ ဘိုးဘွားဂေဟာအပေါ် ဗုံးကျရောက်ပြီး အဘိုး ၂ ဦးသေဆုံးခဲ့ပြီး အဘိုးအဘွား ၇ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

You may have missed