မတ် ၈၊ VOR
ကရင်ပြည်နယ်၊ မြဝတီမြို့ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၃၅၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက ယနေ့ နေ့လည်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးက VOR ကိုပြောသည်။
ယမန်နေ့ မတ်လ ၇ရက်မှစတင်ကာ သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် ၃၅၅ ခြေမြန်တပ်ရင်းနှင့် စစ်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့ မတ်လ ၈ရက် နေ့လည်ပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
သင်္ဃန်းညီနောင်ရွာရှိ စစ်ကောင်စီ ခမရ ၃၅၅ ၊ ၃၅၆ နှင့် ၃၅၇ စတဲ့ တပ်ရင်း ၃ ရင်းအနက် ခမရ ၃၅၅ သည် စစ်ကောင်စီ၏ ဗျူဟာမြောက် စခန်းကုန်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ လေကြောင်း၊ လက် နက်ကြီး ပစ်ခတ်ခုခံခဲ့ရပြီး လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသစ်ကျေးရွာက ပြည်သူအမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုး သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် မြဝတီမြို့ အထွက်ရှိ စစ်ကောင်စီ၏ အမှတ် ၂၇၅ တပ်ရင်းမှလည်း သင်္ကန်းညီနောင် ဗျူဟာဘက်ကို လက်နက် ကြီး အဆက်မပြတ်ပစ်ခတ်ကာ စစ်ကူပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလေတပ်မှ ကြဲချသည့် ဗုံးတစ်လုံး သင်္ကန်းညီနောင် ဘိုးဘွားရိပ်သာပေါ် ကျရောက်ခဲ့သဖြင့် အဘိုး ၂ ဦးသေဆုံးပြီး အဘိုးအဘွား သက်ကြီးရွယ်အို ၇ ဦးဒဏ်ရာရရှိကြောင်း စစ်ရေးသတင်းအရင်းမြစ်ထံက သိရသည်။


More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ