Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 29, 2026

ထားဝယ်မြို့နယ် မေတ္တာမြို့ ရဲစခန်း ရှင်းလင်းခံရ

ထားဝယ်မြို့နယ် မေတ္တာမြို့ ရဲစခန်း ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှ မေတ္တာမြို့ ရဲစခန်းနှင့် ဟိန္ဒား ကျေးရွာရှိ စစ်တပ် စခန်းကုန်း တို့ကို‌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးပစ်နိုင်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစတင်လို့ စစ်ကောင်စီ တပ်ဖွဲ့က စွန့်ခွာထွက်ပြေးသွားတဲ့ ဟိန္ဒားကျေးရွာ စစ်တပ်စခန်းကုန်းကို မီးရှို့ဖျက်စီးခဲ့ပြီး ၂၃ ရက်နေ့ညမှာတော့ အခုလို မေတ္တာမြို့ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဝင်တိုက်နိုင်ခဲ့တာမဟုတ်ပါဘူး။ ရန်သူစစ်ကောင်စီဟာ အဆိုပါ စခန်းနှစ်ခုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ သွားမတိုက်ခင်ထဲက စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတာပါ။ အဲ့လိုစခန်းစွန့်ပြီးနောက် မေတ္တာမြို့နဲ့ မိုင်ဝက်ခန့် အကွာမှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းမှာ သွားရောက်ပူးပေါင်းခဲ့တာလည်း ဖြစ်ပါတယ်။ ၄င်းတို့ရဲ့ စွန့်ခွါစခန်းကို မီးရှို့ဖျက်ဆီးနေစဉ်မှာ စစ်ကောင်စီ ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာမရှိပါဘူး။ ထားဝယ်အရှေ့တော ဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထဲက စစ်ကောင်စီ တပ်ဖွဲ့နဲ့ တော်လှန်ရေး တပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ရိက္ခာပို့စစ်ကြောင်းကား ၇ စီး ထက်မနည်း ချေမှုန်းခံထားရသလို စစ်ကောင်စီ ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့ စစ်ရေးတင်းမာမှု မြင့်တက်နေတဲ့ဒေသတခုလည်း ဖြစ်ပါတယ်။

You may have missed