Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 29, 2026

စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်တားမြစ်မိန့် တစ်ရပ်ကို NUG ထုတ်ပြန်

စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်တားမြစ်မိန့် တစ်ရပ်ကို NUG ထုတ်ပြန်

ဖေဖော်ဝါရီ ၂၅၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ “အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်တားမြစ်မိန့် “ကို ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါအမိန့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၃) ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁၃)၊ (၁၅)၊ (၁၆)တွင် ဖော်ပြထားသော အကြမ်းဖက်မှု ဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နှင်းရန်ရည်ရွယ်ကာ ဖေဖော်ဝါရီ ၂၄ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများ ကို အကြမ်းဖက်မှုများတွင် အတင်းအဓမ္မပါဝင်စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများ အဖြစ် စေခိုင်းရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အတည်ပြု အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်း နေသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဌာန်းခြင်း အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့်အာဏာမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း အတင်းအဓမ္မဖမ်းဆီးခြင်း စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း သင်တန်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာရောက်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NUG အစိုးရက တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။

၎င်းတားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း NUG က ကြေညာလိုက်သည်။

You may have missed