ဖေဖော်ဝါရီ ၂၄၊ VOR
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ် စစ်ရေးဂိတ်ကို ဒရုန်း၊ လက် နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် ရဲနှင့်စစ်သားပူးပေါင်းတပ်စွဲထား သည့် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၃ ဦးမှာ ဆေးရုံသို့ သယ်ဆောင်သွားစဉ် လမ်းခုလတ်၌ သေဆုံး သွားကြောင်းသိရသည်။
ထို့အပြင် စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စစ်သား၊ ရဲများ၏ အနီး၌ ဈေးရောင်းချနေသော ဈေးသည်တစ်ဦးလည်း ဂုတ်ပိုးရှပ်ထိဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း ၊ ဈေးသည်ပြည်သူထိခိုက်ခဲ့မှုအပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိဘပြည်သူများအနေဖြင့် စစ်သား၊ ရဲများနှင့်နီးကပ်စွာ နေထိုင်ဆက်ဆံခြင်း၊ ရောင်းဝယ်ဖောက်ကားဖြင့် မပြုကြရန် KRF က သတိပေးထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ကျိုက်ထိုမြေို့နယ် ပကဖ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် စစ်အာဏာရှင် စနစ်ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို အသက်ပေးကာ ကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်၊ နစ်နာ၊ ပျက်စီး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်ခြင်း အလျဉ်းမရှိပါကြောင်း အသိပေးထားသည်။

More Stories
ပခုက္ကူရေလာလေးရွာ တိုက်ပွဲမှာ တော်လှန်တပ်တွေအနိုင်ရခဲ့ပြီး လက်နက်ခဲယမ်းပစ္စည်းများသိမ်းဆည်း
ကန်ပိုက်တီမြို့က ဌာနဆိုင်ရာရုံးတွေနဲ့ ရုတ်-မြန်မာချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းမှာ ကချင်အမျိုးသားအလံလွှင့်ထူ
လေကြောင်းရန်နှင့်တရုတ်ရန် နှစ်ဖက်ညှပ်နေတဲ့ကြားမှာပဲ စစ်ကောင်စီကို အမြစ်ဖြတ်မယ်လို့ KIOဥက္ကဋ္ဌ က ထုတ်ပြောလိုက်ပြီး အန်ယူဂျီအစိုးရကလည်း တန်ဖိုးထား ကမ္ဗည်းတင်ကြောင်း သဝဏ်လွှာပါးလိုက်ပါတယ်