ဇန်နဝါရီ ၃၁၊ VOR
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီ (၂၈) ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု NUGအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ယနေ့ သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် တော်လှန်ရေးဖြစ်စဉ်များ၊ မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့သလို အခမ်းအနားကို တက်ရောက်လာသည့် ဧည့်ပရိသတ်များ၊ တော်လှန်ရေးအင်အားစုများ၊ ဂျပန်လူမျိုးများက မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။





More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ