Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မုံရွာမြို့ ညောင်ဖြူပင်ရဲစခန်းကို PDF တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၅ဦးသေဆုံး

မုံရွာမြို့ ညောင်ဖြူပင်ရဲစခန်းကို PDF တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၅ဦးသေဆုံး

ဇန်နဝါရီ ၂၆၊ VOR

မုံရွာမြို့ ညောင်ဖြူပင်ရဲစခန်းကို စစ်ကြောင်း ၃ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးပြီး ၇ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂)က သတင်းထုတ်ပြန်သည်။

စခန်းသိမ်းနိုင်ဖို့ကြိုးစားနေချိန်တွင် စစ်ကောင်စီတပ် မအူဂိတ်၊ စွမ်းရည်ထက်ဂိတ်၊ တောပူပျူရွာမှ စစ်ကူဆင်းလာခြင်း ဟာဝေဇာလက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ တော်လှန်ရေးရဲဘော်များဘက်မှ လက်နက်ခဲယမ်းမပြည့်စုံသဖြင့် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄) ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၁) Spring Dove PDF ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Monywa Commando Force PDF ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၄) 5/ Teachers People Defence Force ၊ 96 Soldiers – PDF အညာဒေသတပ်ခွဲ ၊ မင်းသားကြီးတပ်စု (၁) ၊ မုံရွာခရိုင်တပ်ရင်း (၅) ၊ မုံရွာခရိုင်တပ်ရင်း (၁၃) ၊ မုံရွာခရိုင်တပ်ရင်း (၁၇) ၊ မုံရွာခရိုင်တပ်ရင်း (၂၃) ၊ မုံရွာခရိုင်တပ်ရင်း (၂၇) ၊ Special Guerilla Force – Monywa S.G.F ၊ စေတန် ၊ ခွေးသတ်မုဆိုး ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၂၇) ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ၊ ဒီမိုကဂက်တစ် Local တပ်ပေါင်းစု ၊ CDSOM ၊ ကမျင်းနီ နယ်စည်းမခြား လက်နက်ကြီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ညောင်ဖြူပင်ရဲစခန်းကို PDF တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၅ဦးသေဆုံး

You may have missed