Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ရှမ်းမြောက်ဒေသ ၁၀၅ မိုင် အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်သာသနာပြုကျောင်းများကို ရက္ခိုင့်တပ်တော်မှ စားနပ်ရိက္ခာပစ္စည်းအချို့လှူဒါန်း

ရှမ်းမြောက်ဒေသ ၁၀၅ မိုင် အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်သာသနာပြုကျောင်းများကို ရက္ခိုင့်တပ်တော်မှ စားနပ်ရိက္ခာပစ္စည်းအချို့လှူဒါန်း

ဇန်နဝါရီ ၂၄၊ VOR

ရှမ်းမြောက်ဒေသ ၁၀၅ မိုင်အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်ကျောင်းများအား ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့တို့ကို ဇန်နဝါရီလ (၁၆)၊ (၁၈) ရက်နေ့များတွင် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြသည်ဟု AA ကသတင်းထုတ်ပြန်သည်။

ပြည်သူများ၏ လူမှုစီးပွားဒုက္ခအဝဝများထဲမှ တတ်နိုင်သည်များကို တနိုင်တပိုင် ကူညီဖြေရှင်းပေးခဲ့သကဲ့သို့ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များ နှင့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမရှိစေဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန်ရည်ရွယ်၍ မိမိတို့ တတ်နိုင်သော ကောင်းမှုအလှူများကို ၁၀၅ မိုင်အနီးတဝိုက်တွင် ရက္ခိုင့်တပ်တော်အနေဖြင့် ပြုလုပ်လှူဒါန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘဘဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်း နှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလရှင်ကျောင်း) တို့အား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် လည်း ဇေယျမင်္ဂလာကျောင်းတိုက် အား ဆန်၊ ဆီ နှင့် ရေသန့် အချို့တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပန်ဆိုင်းခရစ်ယာန်ကျောင်းကိုလည်း ဆန်အချို့ လှူဒါန်းခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်သည် တိုက်ပွဲရှိလျှင် နိုင်အောင်တိုက်မည်။ တိုက်ပွဲမရှိလျှင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူလက်တွဲပြီး မိမိတို့ လှုပ်ရှားရာစစ်ဒေသများ၌ ပြည်သူလူထုများ၏ အားကိုးရာတပ်တော်ဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူရပ်တည်နေပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ပံ့ပိုးကူညီပေးသွားမည်ဟု သိရသည်။

You may have missed