Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မံစီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၂၀ကျော်လက်နက်ချ

မံစီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၂၀ကျော်လက်နက်ချ

ဇန်နဝါရီ ၂၀၊ VOR

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ယမန်နေ့ဇန်နဝါရီ ၁၉ရက်နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂ဦးသေဆုံးပြီး ၂၀ကျော် လက်နက်ချခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည်။

အဆိုပါတပ်စခန်းသည် မံစီမြို့ မန်ဝန်းကြီးအနီး ဂေါင်ငူယန်အနီးတွင် တည်ရှိပြီး ခမရ ၄၂၄ တပ်ရင်းလက်အောက်ခံစခန်းဖြစ်သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို KIA တပ်မဟာ ၃ အောက်မှာရှိတဲ့ တပ်ရင်း ၁၊ တပ်ရင်း ၁၂နှင့် တပ်ရင်း ၂၇ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းတစ်ချို့နှင့် လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည်။

စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ မံစီမြို့ ဂေါင်ငူယန်တပ်စခန်းကို ယမန်နေ့ နံနက် ၈နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ ၃နာရီခန့်အကြာတွင် သိမ်းနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။

လက်ရှိအချိန်တွင် KIA,PDF တပ်က ကချင်ပြည်နယ် မံစီမြို့နယ်အပါအဝင် ရှမ်းမြောက် မိုးမိတ်မြို့တွင်လည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို ဖားကန့်မြို့နယ် ဝှေခါဒေသရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIAက တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မံစီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၂၀ကျော်လက်နက်ချ

You may have missed