ဇန်နဝါရီ ၂၀၊ VOR
တနင်သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ်တွင် စစ်ကားတစ်စီးအား ဇန်နဝါရီ ၁၈ရက်နေ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သားအများအပြားသေဆုံးနိုင်ကြောင်း BA HTOO ARMY က သတင်းထုတ်ပြန်သည်။
ထားဝယ်မြို့နယ် မောင်မယ်ရှောင် ဘုရားမဲဂိတ်စခန်းမှ လုံခြုံရေးယူပြီးပြန်လာသော စစ်ကောင်စီတပ်သား ၃၀ဦးခန့်လိုက်ပါလာသည့် မြေတင်ကား တစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကားပျက်စီးသွားရာ စစ်သားအများအပြား သေဆုံးထိခိုက်နိုင်ကြောင်း ကနဦးသိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က မောင်မယ်ရှောင်ကျေးရွာအတွင်း ပြည်သူများကို အကြမ်းဖက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကာ ပြန်ထွက်လာသည့် စစ်သား ၈၀ဦးခန့်ပါစစ်ကြောင်းကို ဒရုန်းဗုံး ၄လုံးပစ်ချတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်မှစတင်ကာ စစ်ရေးအရှိန်မြှင့်မည်ဖြစ်သဖြင့် ပြည်သူများ သတိဖြင့်သွားလာကြရန် အသိပေးထားသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်