ဇန်နဝါရီ ၁၉၊ VOR
တရုတ်ကြားဝင်ခဲ့သည်”ဟိုင်ဂင် သဘောတူညီမှု” သည် ယနေ့ဆိုလျှင် တစ်ပတ်တိတိပြည့်ခဲ့သော်လည်း ရှမ်းမြောက်ဒေသအတွင်း စစ်တပ်က အပိုးမကျိုးဘဲ စစ်ရေးဆက်လက်ပြုလုပ်နေခဲ့သည်ဟု ထုတ်ပြန်ပြောဆိုသည်။
အကယ်၍ ညီနောင်မဟာမိတ်တို့ဘက်မှ စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်များကိုလည်း လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက ညီနောင်မဟာမိတ်အဖွဲ့မှ သတ်မှတ်ထားသည့်အတိုင်း စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲများကို အကောင်အထည်ဖော်ထားခဲ့ပြီဖြစ်ကြောင်း ဥပမာ – (???) ကဲ့သို့သော မြို့ ကြီးများမှာလည်း မိမိတို့လက်အောက်သို့ ကျရောက်နေခဲ့လိမ့်မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် တော်လှန်ရေးအဖွဲအစည်းများဖြစ်သည့်အလျောက် တော်လှန်ရေးကတိသစ္စာတည်ကြည်သော အဖွဲအစည်းများလည်း ဖြစ်ကြောင်း စစ်ကောင်စီကမူ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဖက်ဖက်၌ရှုံးနိမ့်နေသဖြင့် ယခင်ရက်များအတိုင်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းမြောက်ဒေသတွင်း တအာင်းတပ်မတော် (TNLA) ရှိရာ တပ်မဟာ (၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ နံနက် (၈) နာရီ (၄၉) မိနစ်အချိန်ခန့်မှ နေ့လယ် (၁၂) နာရီ (၂၈) မိနစ်အချိန်ခန့်ထိ မိုးမိတ်မြို့နယ်၊ ရွှေဆာလီကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ ATR-72 ဖြင့် (၃) ကြိမ်နှင့် Y-12 ဖြင့် (၅) ကြိမ်တိုင်အောင် ယမန်နေ့တစ်ရက်တည်း၌ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း (၁၆) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်ဆင်ရေးအရှိန်မှာ အနည်းငယ်ရပ်တန့်သွားသည်ဟုထင်ရသော်လည်း မပြောင်းလဲသော ကိန်းသေအလျင်နှုန်းဖြင့် ညီနောင်မဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေးကြီးသည်လည်း ဆက်လက်ရွေ့လျားလျက်ရှိပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ဇန်နဝါရီ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်