ဇန်နဝါရီ ၁၄၊ VOR
၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် စစ်ကောင်စီမှ ဟိုပန် ၊ပန်လုံဒေသအား “ဝ”ပြည်နယ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့သည်ဟု UWST က ထုတ်ပြန်သည်။
“ဝ”ပြည်နယ် ပြည်သူအစိုးရမှ နှစ်ပေါင်းများစွာ ပြည်ထောင်စုအစိုးရထံသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် လွှဲပြောင်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၀ရက် -၁၁ရက်နေ့တွင် မိုင်းမောခရိုင်အတွင်းရေးမှူး၊ ဗဟိုကော်မတီ အရံကော်မတီဝင်ဦးရှောက်ဆိုင်ပေါင်းနှင့် “ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဌ ဦးကျောက်အိုက်တောင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် “ဝ”ပြည်နယ် ပြည်သူ့အစိုးရ ကိုယ်စား ဟိုပန်၊ ပန်လုံဒေသသို့ သွားရောက်ပြီး လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါလွှဲပြောင်းလက်ခံပွဲကို လွှဲပြောင်းပေးအပ်သည့် စစ်ကောင်စီမှ တက်ရောက်သူမတွေ့ရှိပေ။











More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ