Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
July 26, 2026

ရှမ်းမြောက် အပစ်ရပ်စဲရေးကို ရှောင်လွှဲမရသည့်အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

ရှမ်းမြောက် အပစ်ရပ်စဲရေးကို ရှောင်လွှဲမရသည့်အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

ဇန်နဝါရီ ၁၄၊ VOR

ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့တို့နှင့် စစ်ကောင်စီအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ရပ်တန့်စေရမည့် အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရသည့်အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်ဟု ယမန်နေ့ ဇန်နဝါရီလ ၁၃ရက်နေ့တွင် ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအရှိန်သည် တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။

ယမန်နေ့ဇန်နဝါရီ ၁၃ရက်နေ့တွင်လည်း စစ်ကောင်စီဘက်မှ ယခင်ရက်များနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ရယူထားပြီးဖြစ်သော တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်ရှိ တအာင်းတပ်မတော် (TNLA) အခြေချနေရာယူထားသည့် “ငြိမ်းချမ်းရေးကုန်း” သို့ စစ်ကောင်စီ၏ (၅၀၁-၅၀၂) တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့၊ နံနက် (၉) နာရီ (၁၈) မိနစ်အချိန်ခန့်တွင် အပြင်းအထန် လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

(၂) နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူလူထုလုံခြုံရေး နှင့် “ဟိုင်ဂင်သဘောတူညီမှု” ပါ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့မှုမဖြစ်စေရေးအချက်ကို အလေးထားလိုက်နာကာ ယာယီနောက်ဆုတ်ပေးခဲ့သည်။

ဤသည်မှာ ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်ကြောင်း တအောင်းတပ်မတော်က ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီအခြေစိုက်တပ်စခန်းများမှ ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုးမြို့နယ်များ၌ တအာင်းတပ်မတော် (TNLA) ရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

You may have missed